မန္တလေးတိုင်းရှိ မြို့နယ် ၃ ခုမှ ကျောင်းသား၊ကျောင်းသူများအတွက် စက်ဘီးစီးရေ ၃၆၆ စီးထောက်ပံ့

0
106

မန္တလေးတိုင်း၊အောင်မြေသာစံ၊ပုသိမ်ကြီး၊မတ္တရာမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌တက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူများအ တွက် စက်ဘီးစီးရေ ၃၆၆ စီးအား မန္တလေးတိုင်းအစိုးရအဖွဲ့မှ ဒီဇင်ဘာ ၂၇ ရက်နံနက် ၈ နာရီက ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းအား အောင်မြေသာစံမြို့နယ်၊အနှိပ်တော်ရပ်ကွက်၊ ၆၆ လမ်း၊ ၂၀ လမ်းနှင့် ၂၂ လမ်းကြားရှိ အမျိုးသားဇာတ်ရုံတွင် ပြုလုပ်ရာ မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၏ အောင်မြေသာစံမြို့နယ်ရှိ ကျောင်းသား၊ကျောင်းသူများအတွက် စက်ဘီး ၁၆၆ စီး၊ပုသိမ်ကြီးမြို့နယ်မှ ကျောင်း သား၊ကျောင်းသူများအတွက် စက်ဘီးအစီး ၁၀၀ နှင့်မတ္တရာမြို့နယ်မှ ကျောင်းသား၊ကျောင်းသူများအတွက် စက်ဘီးအစီး ၁၀၀ တို့အား မန္တလေး တိုင်းဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့ပြင် မန္တလေးတိုင်းဝန်ကြီးချုပ်မှ ၂၀၂၁-၂၀၂၂ ခုပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၄ ဘာ သာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။

ထို့အတူ အောင်မြေသာစံမြို့နယ်မှ ဆရာ၊ဆရာမ ၇၉၉ ဦးကိုလည်း ကျောင်းစိမ်းဝတ်စုံများအား မန္တလေးတိုင်းဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အတူ တာဝန်ရှိသူများကလည်း ၂၀၂၁- ၂၀၂၂ ခုပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၄ ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၃ ဘာသာဂုဏ် ထူးရှင် ၁၇ ဦးတို့အား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြပြီး ပုသိမ်ကြီးမြို့နယ်မှ ဆရာ၊ဆရာမ ၈၂၃ ဦးနှင့်မတ္ထရာမြို့နယ်မှ ဆရာ၊ဆရာမ ၉၆၄ ဦးတို့အ တွက် ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here