အမေရိကန် အောက်လွှတ်တော် အုပ်ချုပ်ရေးရုံးခွဲက ၎င်း၏ ရုံးသုံး စက်ပစ္စည်းများအားလုံးဖြင့် TikTok သုံးစွဲခြင်းကို ပိတ်ပင်

0
106

ဝါရှင်တန် ဒီစီ၊ ဒီဇင်ဘာ ၂၈

လူကြိုက်များသော တရုတ်ဗီဒီယိုအက်ပ် TikTok ကို အမေရိကန် အောက်လွှတ်တော်ရုံးသုံး စက်ပစ္စည်းများအားလုံးဖြင့် အသုံးပြုခွင့် ပိတ်ပင်လိုက်ပါကြောင်း အောက်လွှတ်တော်၏ အုပ်ချုပ်ရေးရုံးခွဲက ကြေညာခဲ့သည်။

အဆိုပါအက်ပ်အား လုံခြုံရေးပြဿနာများစွာကြောင့် အန္တရာယ်ကြီးမားသည်ဟု ယူဆထားကြောင်း အောက်လွှတ်တော် စီမံခန့်ခွဲေရးအရာရှိချုပ် (CAO) က ဒီဇင်ဘာလ ၂၈ ရက် အင်္ဂါနေ့တွင် လွှတ်တော်အမတ်များနှင့် ဝန်ထမ်းများထံ ပေးပို့သည့် မတ်ဆေ့ချ်တွင် ပြောကြားခဲ့ပြီး အောက်လွှတ်တော်က စီမံခန့်ခွဲသည့် စက်ပစ္စည်းများအားလုံးမှ ၄င်း အက်ပ်ကို ဖျက်ပစ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါစည်းမျဉ်းအသစ်သည် ပေကျင်းအခြေစိုက် ဘိုက်ဒန့်စ်မှ ပိုင်ဆိုင်သာ Tiktok ကို အမေရိကန် ပြည်နယ်အစိုးရများက အစိုးရပိုင် စက်ပစ္စည်းများထံမှ ပိတ်ပင်ရန် ဆက်တိုက်ကြိုးစား လုပ်ဆောင်လာခဲ့ပြီးနောက် ယင်းကဲ့သို့ ပေါ်ပေါက်လာခြင်းဖြစ်သည်။

တရုတ်အစိုးရသည် အမေရိကန်လူမျိုးများကို ခြေရာခံရန်အတွက် Tiktok ကို အသုံးပြုနိုင်သည်ဟူသော စိုးရိမ်စိတ်ကြောင့် ပြီးခဲ့သည့် အပတ်မှစ၍ အမေရိက ပြည်နယ် ၁၉ ခုတွင် ပြည်နယ်ပိုင် စက်ပစ္စည်းများအချို့၌ Tiktok သုံးစွဲခွင့်ကို ပိတ်ပင်မှုများ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲသော စက်ပစ္စည်းများတွင် Tiktok ကို ပိတ်ပင်သွားမည့် ပြဌာန်းချက်တစ်ရပ်ကိုလည်း တင်သွင်းထားပြီး ဘိုင်ဒင် လက်မှတ်ရေးထိုးပြီးသည်နှင့် တစ်ပြိုင်နက် အသက်ဝင်မည်ဖြစ်သည်။

Source: Straitstimes


LEAVE A REPLY

Please enter your comment!
Please enter your name here