ရုရှား ၏ရေနံ ကို ဈေးနှုန်းကန့်သတ်သည့်နိုင်ငံများသို့ ရေနံတင်ပို့မှုရပ်ဆိုင်းရန်ပူတင် အမိန့်ထုတ်

0
199

မော်စကို၊ဒီဇင်ဘာ၂၇

အနောက်အုပ်စုများ၏ ‌ရုရှား၏ ရေနံ ကိုဈေးနှုန်းကန့်သတ်မှုအပေါ် ရုရှားကတုံ့ပြန်သည့်အနေဖြင့် အဆိုပါနိုင်ငံများသို့ ရေနံတင်ပို့မှုအား ဖေဖော်ဝါရီ ၁ ရက်မှစကာ ငါးလကြာရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သမ္မတပူတင်ကအမိန့်ထုတ်ပြန်ခဲ့သည်။

မော်စကို၏ ယူကရိန်းသို့ကျူးကျော်မှုအားတုံ့ပြန်သည့်အနေဖြင့် G – 7 နိုင်ငံအုပ်စုနှင့် အီးယူတို့က ရုရှားရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၆၀ ဖြင့်သာအမြင့ဆုံးရောင်းချ၊ဝယ်ယူရန်ကန့်သတ်ခဲ့သဖြင့် ထိုနိုင်ငံများသို့ ရေနံစိမ်းတင်ပို့မှုအားရပ်ဆိုင်းရန် ပူတင်ကအမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအမိန့်သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၁ ရက်အထိအကြုံးဝင်မည်ဟုဆိုသည်။

လက်ရှိအချိန်၌ ရေနံစိမ်းတင်ပို့မှုကိုသာ ရပ်ဆိုင်းထားခြင်းဖြစ်ပြီး ရေနံထွက်ကုန်များနှင့်ပတ်သက်၍ကိုမူ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှ ဆုံးဖြတ်မည်ဖြစ်သည်ဟုဆိုသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here