အမျိုးသမီးများအား တင်းကျပ်သည့်စည်းမျဉ်းများ ချမှတ်မှုရပ်တန့်ရန် တာလီဘန်အစိုးရကိုကုလတိုက်တွန်း

0
173

ကဘူးလ်၊ဒီဇင်ဘာ ၂၇

အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများ၏ ပညာရေးအပေါ်သက်ရောက်မှုရှိသည့် တင်းကျပ်သည့်စည်းမျဉ်းများကိုမချမှတ်ရန် တာလီဘန်များအား ကုလသမဂ္ဂကတိုက်တွန်းခဲ့သည်။

“နိုင်ငံရဲ့လူတစ်ဝက်လောက်ကို တိုင်းပြည်ရဲ့လူမှုရေး၊စီးပွားရေးအသိုက်အဝန်းကနေဖယ်ထုတ်ထားမှတော့ အဲ့ဒီတိုင်းပြည်တိုးတက်ဖို့ကဝေးပါတယ်” ဟုလည်း ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးကပြောကြားခဲ့သည်။

“အမျိုးသမီးတွေအပေါ် အခုလိုဖိနှိပ်မှုတွေကြောင့် အာဖဂန်တစ်နိုင်ငံလုံးအတွက် အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်” ဟုလည်း ၎င်းကဆိုခဲ့သည်။

တာလီဘန်အစိုးရသည် အမျိုးသမီးများအား တက္ကသိုလ်တက်ရောက် ပညာသင်ကြားခွင့်ပိတ်ပင်ပြီးမကြာမီပင် NGO များ၌ အလုပ်လုပ်ခွင့်ကိုပါ ထပ်မံပိတ်ပင်ခဲ့သည်။

ယင်းသို့ကန့်သတ်လိုက်ခြင်းကြောင့် အာဖဂန်အတွင်းရှိ NGO လုပ်ငန်းငါးခုခန့် လုပ်ငန်းပိတိသိမ်းရနိုင်သည့်အနေအထားရှိနေသည်ဟုလည်းသိရှိရသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here