ဂျပန်လာမည့် တရုတ်ခရီးသွားများ ကိုဗစ်စစ်ဆေးခံရမည်

0
118

တိုကျို၊ဒီဇင်ဘာ ၂၇

ဂျပန်ဝန်ကြီးချုပ် ဖူမီရိုကီရှီဒါက ၎င်း၏အစိုးရအနေဖြင့် ရောဂါဖြစ်ပွားမှုပြင်းထန်နေသည့် တရုတ်နိုင်ငံမှလာသည့်ခရီးသွားများကို စည်းမျဉ်းများတင်းကြပ်မည်ဖြစ်ကြောင်း ‌အင်္ဂါနေ့ကပြောကြားခဲ့သည်။

လာမည့်သောကြာနေ့မှစ၍ တရုတ်မှဂျပန်သို့ဝင်ရောက်လာမည့်ခရီးသွားများအနေဖြင့် ကိုဗစ်စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး ရောဂါရှိပါက ခုနစ်ရက်ကွာရန်တင်းဝင်ရမည်ဟုဆိုသည်။

ယင်းအပြင် ခုနစ်ရက်အတွင်း တရုတ်နိုင်ငံသို့ခရီးသွားရာဇဝင်ရှိသူများသည်လည်း မဖြစ်မနေကိုဗစ်စစ်ဆေးခံရမည်ဖြစ်ကာ ကာကွယ်ဆေးသုံးကြိမ်ပြည့်ထိုးထားသည့်အထောက်အထားနှင့် ခုနစ်ဆယ့်နှစ်နာရီအတွင်းစစ်ထားသည့် ကိုဗစ်ကင်းရှင်းကြောင်း အထောက်အထားပြနိုင်ပါကမူ စစ်ရန်မလိုကြောင်းပြောကြားခဲ့သည်။

ရောဂါစစ်ဆေးတွေ့ရှိမှုတိုင်းကို စမ်းသပ်မှုပြုလုပ်သွားမည်ဖြစ်ပြီး မျိုးကွဲအသစ်ထပ်ဖြစ်လာနိုင်ခြင်းရှိမရှိကိုလည်း စစ်ဆေးသွားမည်ဟုဆိုသည်။

ဂျပန်အစိုးရသည် အောက်တိုဘာလမှစကာ နိုင်ငံအသီးသီးမှ တစ်ဦးချင်းခရီးသွားများကို ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ပြီး နေ့စဉ်ပြည်ဝင်ခွင့်ကန့်သတ်မှုကိုလည်း ဖြေလျှော့ပေးခဲ့သော်လည်း တရုတ်နိုင်ငံ၏ လက်ရှိအခြေအနေအရ ယခုကဲ့သိုပြန်လည်တင်းကျပ်လိုက်ခြင်းဖြစ်သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here