၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ် ၈ ရက်တွင် စတင်ကျင်းပမည်

0
225

ပညာရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစတင်ကျင်းပမည့်ရက်အား ဒီဇင်ဘာ ၂၉ ရက်က အသိ ပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ၂၀၂၃ ခုနှစ်၊မတ် ၈ ရက်မှ ၁၈ ရက်အထိ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မတ် ၈ ရက်တွင် မြန်မာစာ၊ မတ် ၉ ရက်တွင် အင်္ဂလိပ်စာ၊ မတ် ၁၀ ရက်တွင် သင်္ချာ၊ မတ် ၁၃ ရက်တွင် ဓာတုဗေဒ၊ မတ် ၁၄ ရက်တွင် ရူပဗေဒ၊ မတ် ၁၅ ရက်တွင် ဇီဝဗေဒနှင့်ဘောဂဗေဒ ဘာသာရပ်များအား ဖြေဆိုရမည်ဖြစ်သည်။

ထို့ပြင် မတ် ၁၆ ရက်တွင် ပထဝီဝင်၊ မတ် ၁၇ ရက်တွင် သမိုင်းနှင့် မတ် ၁၈ ရက်တွင် စိတ်ကြိုက်မြန် မာစာတို့အားဖြေဆိုရမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ပုံစာ – ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည့်မြင်ကွင်း


LEAVE A REPLY

Please enter your comment!
Please enter your name here