ကျိုင်းတုံနှင့်တာချီလိတ်တို့တွင် အမျိုးသား ၂ ဦးထံမှ သေနတ်များဖမ်းဆီးရမိ

0
325

ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့နယ်နှင့်တာချီလိတ်မြို့ နယ်တို့တွင် အမျိုးသား ၂ ဦးထံမှ ပစ္စတိုသေနတ်နှင့်ခြောက်လုံးပြူးသေနတ်တို့အား ဒီဇင်ဘာ ၂၇ ရက်က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ယင်းနေ့ညနေ ၅ နာရီခန့်က ကျိုင်းတုံမြို့နယ်၊ဝမ်တာပုံစစ်ဆေးရေးဂိတ်၌ မိုင်းဟန်ကျေးရွာဘက်မှကျိုင်းတုံဘက်သို့ ကျလော့(၁၈)နှစ်မောင်းလာသည့် ဆိုင်ကယ်အားစစ်ဆေးခဲ့ကြသည်။

ဆိုင်ကယ်နောက်ထိုင်ခုံတွင်ချည်ထားသည့် အိတ်အတွင်းမှ အီတလီနိုင်ငံထုတ် စတီးရောင်ပစ္စတိုသေနတ် ၁ လက်နှင့်၎င်းကျည်တောင့် ၄၀ အားဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် တာချီလိတ်မြို့နယ်၊ဟိုခိုကျေးရွာနေ အိုက်ခမ်းလီ(၃၃)နှစ်၏နေအိမ်အား ဒီဇင်ဘာ ၂၇ ရက်နေ့လည် ၁ နာရီခွဲ၌ လုံခြုံရေးအဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးရာ အမေရိကန်နိုင်ငံလုပ် ခြောက် လုံးပြူးသေနတ် ၁ လက်အား ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ လက်နက်များနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးအား သက်ဆိုင်ရာရဲစခန်းများ၌ ရှမ်းလက်နက်ပုဒ် မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here