လောင်းလုံမြို့နယ်တွင်မင်္ဂလာဆောင်တစ်ခု၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ ၆ ဦးထိခိုက်ဒဏ်ရာရ

0
305

တနင်္သာရီတိုင်း၊လောင်းလုံမြို့နယ်၊ဝေဒီကျေးရွာ ၌ ဒီဇင်ဘာ ၂၉ ရက်(ယနေ့)နံနက်ပိုင်းက မင်္ဂလာ ဆောင်တစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီကျော်ခန့်က လောင်းလုံးမြို့ နယ်၊ဝေဒီကျေးရွာရှိ နေအိမ်တစ်လုံး၌ပြုလုပ်သည့် မင်္ဂလာဆောင်တစ်ခုတွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကာ အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၄ ဦး (စုစုပေါင်း ၆ ဦး)တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဗုံးပေါက်ကွဲမှုကြောင့် မင်္ဂလာဆောင်သို့ လာရောက်သူများထွက်ပြေးရာမှ ထိခိုက်ပွန်းပဲ့ဒဏ်ရာရရှိသူအချို့လည်းရှိခဲ့ကြောင်း သိရသည်။

မင်္ဂလာဆောင်၌ ကျွေးမွေးဧည့်ခံသည့် စားပွဲတစ်လုံးအောက်မှဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရှိခဲ့ရသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများသည် မင်္ဂလာဆောင်တွင် လာရောက်ကူညီနေသူများနှင့်လာရောက်သူများဖြစ်ကာ (မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ကြသဖြင့် ထားဝယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဖြစ်စဥ်အသေးစိတ်ကတော့မသိရ‌ သေးဘူးဗျ မင်္ဂလာဆောင်ကျွေးမွေးဧည့်ခံတဲ့ ခုံအောက်ကနေပေါက်ကွဲသွားတာတဲ့ ရီမုမိုင်းလို့လည်းပြောကြတယ် မင်္ဂလာပွဲကတော့ပျက်သွားတာပေါ့ ဒဏ်ရာရများတာကတော့ ၆ ယောက်ပေါ့ ထွက်ပြေးတဲ့အချိန် တစ်ယောက်နဲ့တစ်ယောက်တိုက်မိပြီး ထိခိုက်ဒဏ်ရာအနည်းအကျဥ်းရတဲ့လူတွေလည်းရှိတယ်”ဟု လောင်းလုံမြို့ခံတစ်ဦးကပြော သည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here