ကမ္ဘောဒီးယား၌ ကာစီနိုဟိုတယ်မီးလောင်၊ ဆယ်ဦးခန့်သေဆုံးပြီး သုံးဆယ်ခန့်ဒဏ်ရာရရှိ

0
176

ပွိုက်ပက်၊ဒီဇင်ဘာ ၂၉

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ ကာစီနိုဟိုတယ်တစ်ခု၌ မီးလောင်ကျွမ်းမှုကြောင့် လူဆယ်ဦးခန့်သေဆုံးခဲ့ကြောင်းသိရှိရသည်။အဆိုပါမီးလောင်ကျွမ်းမှုသည် ကမ္ဘောဒီးယားနိုင်ငံရှိ ကာစီနိုဟိုတယ်တစ်ခုဖြစ်သည့် Grand Diamond City ဟိုတယ်၌ ဒေသစံတော်ချိန် ၁၁ နာရီခွဲခန့်၌ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါမီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် လူဆယ်ဦးခန့် ထက်မနည်းသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ဒေသခံမီဒီယာများက မီးလောင်ကျွမ်းမှုဖြစ်နေစဉ် အဆိုပါဟိုတယ်အတွင်း၌ နိုင်ငံခြားသားဧည့်သည်များလည်းရှိနေကြောင်း ေရးသားဖော်ပြထားသည်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိဟိုတယ်ဖြစ်သဖြင့် ထိုင်းနိုင်ငံဘက်မှလည်း ကမ္ဘောဒီးယားအာဏာပိုင်များနှင့်အတူပူးပေါင်းကာ ကယ်ဆယ်ရေးဆောင်ရွက်ရာ၌ ကူညီပေးခဲ့သည်ဟုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှသတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။

ကမ္ဘောဒီးယားအာဏာပိုင်များကလည်း ထိုင်းနိုင်ငံဘက်မှမီးသတ်ကားများဖြင့်ပူးပေါင်းကာ မီးကိုထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေကြောင်းပြောကြားခဲ့သည်။မီးလောင်မှုသည် ဟိုတယ်၏ပထမထပ်မှ စတင်ဖြစ်ပွားခဲ့ပြီး ကော်ဇောမှတစ်ဆင့် ကျန်အထပ်များသို့ လျင်လျင်မြန်မြန်ကူးစက်သွားခြင်းဖြစ်သည်ဟုလည်းဆိုသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here