မန္တလေးတိုင်းရှိ မြို့နယ် ၃ ခုမှ ဘိန်းဖြူ ဂရမ် ၄၀၀၀ ကျော်နှင့်ဘိန်းဆီခဲများဖမ်းမိ

0
187

မန္တလေးတိုင်း၊အောင်မြေသာစံ၊အမရပူရနှင့်ချမ်းမြသာစည်မြို့နယ်တို့တွင် ဘိန်းဖြူ ၄၄၅၅ ဂရမ်နှင့်ဘိန်းဆီခဲများအား ဒီဇင်ဘာ ၂၇ ရက်ကဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့မွန်းလွဲ ၂ နာရီက မန္တလေးတိုင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များသည် သတင်းအရ အောင်မြေသာစံမြို့နယ်၊သီရိမာလာအရှေ့ရပ်ကွက်၊ ၂၃(C)လမ်း၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားရှိ ကားဂိတ်တွင် ဟိန်းထက်အောင်(၂၃)နှစ်မောင်းလာသည့် NISSAN ကားပေါ်မှ ဘိန်းဖြူ (၂၉၇၀ ဂရမ်)အား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ညနေ ၅ နာရီ၌ အမရပူရမြို့ နယ်၊မန္တလေး-စစ်ကိုင်းသွားကားလမ်းတွင် မကြူ ကြူမွှေး(၃၈)နှစ်၊ မဇာဇာခက်(၄၀)နှစ်၊ ဒေါ်ခင်သက်မာစန်း(၄၂)နှစ်နှင့် ဟိန်းဇော်ထူး(၁၉)နှစ်တို့ စီးနင်းလိုက်ပါလာသည့် ATRI VAN ကားပေါ်မှ ဘိန်းဖြူ (၁၄၈၅ ဂရမ်)အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ပြင် ည ၆ နာရီ ၂၀ မိနစ်တွင်လည်း ချမ်းမြသာစည်မြို့နယ်၊ ၅၉(A)လမ်း၊ ၁၀၂ လမ်းနှင့် ၁၀၃ လမ်းကြားနေ စိုင်းယီထွန်း(ခ)အားယုံ(၃၆)နှစ်နေ ထိုင်သည့်နေအိမ်မှ ဘိန်းဆီခဲ (၃၉၁ ဒသမ ၉၂ ဂရမ်)အား ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဘိန်းဖြူ၊ဘိန်းဆီခဲများနှင့်အတူ ဖမ်း ဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူကာစစ် ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here