နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ၃ ရက်တာ ဆွေးနွေးမှု သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုး

0
144

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့၏ ကိုယ် စားလှယ်အဖွဲ့တို့ ဒီဇင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက တတိယနေ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ၃ ရက်တာဆွေးနွေးချက်များအရ နှစ်ဖက်သဘောထားများကို ထပ်မံဆွေးနွေးခဲ့ကြပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးကာ လဲလှယ်ခဲ့ကြသည်။

ထို့နောက် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်း ဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်တက်ရောက် လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နာယက ဖြားတန်ခွန်ဥက္ကာတို့က နိဂုံး ချုပ်အမှာစကားများ ပြောကြားခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ နစက ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းနှင့်ဗိုလ်မှူးကြီးဝဏ္ဏအောင်တို့တက်ရောက်ခဲ့ကြသည်။

ထို့ပြင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နာယက ဖြားတန်ခွန်ဥက္ကာ၊ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) ဒု-ဥက္ကဋ္ဌစောမြရာဇာလင်း၊ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ်စောစတီး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒု-ဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဒု-ဥက္ကဋ္ဌကျာဖူးနှင့်ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here