လာအိုနှင့်ပွဲတွင် အနိုင်ရရန် အကောင်းဆုံးပြင်ဆင်ထားကြောင်း မြန်မာအသင်းနည်းပြပြော

0
162

မြန်မာနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားရမည့် ၂၀၂၂ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲတွင် အနိုင်ရရန် အကောင်းဆုံးပြင်ဆင်ထားကြောင်း မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးက ပွဲကြို သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

“စင်္ကာပူနဲ့ ကစားတဲ့ပွဲအပြီးမှာ ဂိုးသမားအပါအ၀င်ကစားသမားတချို့ ဒဏ်ရာ ပြသာနာတွေရှိနေပါတယ်။ မလေးရှား၊ စင်္ကာပူနဲ့ ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ရလဒ်ကောင်း မရယူနိုင်ခဲ့ပေမယ့် အသင်းရဲ့ ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း ကျေနပ်ပါတယ်။ အသင်းရဲ့ အနာဂတ်နဲ့ပတ်သတ်ပြီး အကောင်းဆုံးအစီအစဉ်တွေ ရေးဆွဲထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲတွေမှာ မြန်မာအသင်း ခြေစွမ်းတိုးတက်လာတာကို မြင်ရမှာဖြစ်ပါတယ်။ လာအိုနဲ့ ပွဲမှာ အနိုင်ရဖို့အကောင်းဆုံးပြင်ဆင်သွားမှာဖြစ်ပါတယ်” ဟု နည်းပြချုပ်အန်တွမ်နီဟေးကဆိုသည်။

AFF Mitsubishi Electric Cup ပြိုင်ပွဲပြီးသွားပါက ယင်းအနေဖြင့် ပွဲအများကြီး ကိုင်တွယ်ရမည််ဖြစ်သည့်အတွက် စနစ်တကျပြင်ဆင်သွားမှာဖြစ်ကြောင်း၊ ဆီးဂိမ်းစ် အပါအ၀င် အခြားကိုင်တွယ်ရမည့် ပြိုင်ပွဲများတွင် အတွေ့အကြုံရှိ ကစားသမားများနှင့် လူငယ်ကစားသမားများကို အချိုးညီစွာ အသုံးပြုသွားမည် ဟုလည်း ပြောကြားခဲ့သည်။

မြန်မာအသင်းနှင့် လာအို အသင်းတို့သည် ၂၀၂၂ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 ပွဲစဉ်အဖြစ် ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်၌ သု၀ဏ္ဏအားကစားတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ပုံစာ – လာအိုနှင့် ပွဲအတွက်လေ့ကျင့်နေကြသည့် မြန်မာကစားသမားများ


LEAVE A REPLY

Please enter your comment!
Please enter your name here