မြန်မာ-တရုတ် နှစ်နိုင်ငံ ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့်ကုလသမဂ္ဂ မျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

0
198

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့်တရုတ်နိုင်ငံ၊နိုင်ငံခြားရေးဝန် ကြီးဌာန၏ သံအမတ်ကြီး Mr. Deng Xijun တို့ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်မှ တရုတ်နိုင်ငံ၊နိုင်ငံခြားရေးဝန် ကြီးဌာန၏ သံအမတ်ကြီး Mr. Deng Xijun အား ဒီဇင်ဘာ ၂၉ ရက်နေ့လည် ၁ နာရီကလက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံ ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်ခိုင်မာရန် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ပြည် တွင်းငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့် မြတ်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းအား ထုတ်မှုများတွင် တရုတ်နိုင်ငံမှအပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်နှင့်ဒေ သတွင်းနှင့်နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့်ကုလသမဂ္ဂ မျက်နှာစာတွင် နှစ်နိုင်ငံကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်‌ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here