၂ ရက်ကြာပျောက်ဆုံးနေသည့် ဇနီးမောင်နှံ ၂ ဦးအား မှော်ဘီမြို့နယ်တွင်ပြန်လည်တွေ့ရှိ အဌားကားမောင်းသူမှ အိပ်ဆေးထည့်ထားသည့် အ အေးတိုက်ကာ ပစ္စည်းများအားယူဆောင်သွားခဲ့

0
524

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်မှ မြောက်ဥက္ကလာပမြို့နယ်သို့ အဌားကားဖြင့်ထွက်ခွာလာစဥ် ပျောက်ဆုံးနေသည့် ဇနီးမောင်နှံ ၂ ဦးအား ဒီဇင် ဘာ ၂၉ ရက်က မှော်ဘီမြို့နယ်၌ ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်နေ ဇနီးမောင်နှံ ၂ ဦးဖြစ်သည့် မောင်ထက်အာကာထွန်း(ခ)ဒေါ်လာ(၁၉)နှစ်နှင့်မမြတ်သိမ်မွေ့ထွန်း(ခ)ဂျူးဂျူး(၁၈)နှစ်တို့သည် ဒီဇင်ဘာ ၂၇ ရက်က မြောက်ဥက္ကလာပမြို့နယ်ရှိ မမြတ်သိမ်မွေ့ထွန်း၏ မိဘနေအိမ်သို့ အဌားကားဖြင့်ထွက်ခွာလာခဲ့ကြသည်။

ထိုသို့ ထွက်ခွာလာပြီးနောက် မမြတ်သိမ်မွေ့ထွန်း ၏ မိဘများနှင့်မြောက်ဥက္ကလာပမြို့နယ်၊(ဃ) ဈေးအနီး၌ ဖုန်းအဆက်အသွယ်ရပြီးနောက် ပျောက်ဆုံးသွားခဲ့သဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)ရဲစခန်းတွင် လူပျောက်တိုက်တန်းကာရှာဖွေခဲ့ကြသည်။

ထိုသို့ ရှာဖွေရာမှ ပျောက်ဆုံးနေသည့် ဇနီးမောင်နှံအား ဒီဇင်ဘာ ၂၉ ရက်တွင် မှော်ဘီမြို့နယ်၊မြောင်းတကာဆောက်လုပ်ရေးမှတ်တိုင်အနီးရှိ မုန့်ဆိုင်ပိုင်ရှင်တစ်ဦး၏ ကူညီမှုဖြင့်ပြန်လည်တွေ့ရှိခဲ့ကြသည်။

ဇနီးမောင်နှံ ၂ ဦးအား အဌားကားမောင်းသူမှ အိပ် ဆေးထည့်ထားသည့် အအေးတိုက်ပြီးနောက် ၂ ဦးလုံးအိပ်ပျော်သွားကာ ပြန်နိုးလာချိန်၌ တောထဲရှိဇရပ်တစ်ခုပေါ်တွင်ရောက်ရှိနေပြီး ၎င်းတို့ဝတ် ဆင်ထားသည့် ရွှေထည်ပစ္စည်းများ၊ဖုန်းနှင့်ငွေကျပ် ၄ သိန်းအပါအဝင် တန်ဖိုးငွေကျပ်သိန်း ၂၀ ခန့်အား အဌားကားမောင်းသူကယူဆောင်သွားခဲ့ကြောင်း သိရသည်။

“သူတို့ ၂ ယောက်က ဆေးမိတဲ့အရှိန်မပြယ်သေးတော့ ဇရပ်ပေါ်မှာ ၂ ညအိပ်ခဲ့ရတယ်လို့ပြောတယ် မူးနေသေးတာပေါ့ ဖြတ်သွားဖြတ်လာတွေကိုအကူအညီတောင်းတော့လည်း ဘာမှန်းမသိတဲ့အတွက် မကူညီရဲကြဘူးပေါ့ ၂၉ ရက်နေ့မှ အခုကူညီပေးတဲ့ဆိုင်ပိုင်ရှင်အကိုက ကောင်မလေးရဲ့အမေကိုဖုန်းဆက်ပေးလို့ လူကြီးတွေနဲ့လာခေါ်တာပါ ပြစ်မှုကျူးလွန်သွားတဲ့ Taxi မောင်းတဲ့လူကို အမှုဖွင့်၊မဖွင့်ဆိုတာတော့ ကျွန်တော်လည်းမသိဘူးဗျ”ဟု မှော်ဘီမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ လှိုင်သာယာ(အရှေ့ပိုင်း)ရဲစခန်း၌ တိုင်ကြားထားသည့် လူပျောက်တိုင်ကြားချက်အား ပြန်လည်ပိတ်သိမ်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here