“တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် မီဒီယာ ခွန်အားပံ့ပိုးပေးခြင်း”ခေါင်းစဉ်ဖြင့် တရုတ်-မြန်မာမီဒီယာ Twin City ဖိုရမ်ကျင်းပ

0
375

၂၀၂၂ ခုနှစ် တရုတ်-မြန်မာမီဒီယာ Twin City ဖိုရမ်၊“မင်္ဂလာ”မဂ္ဂဇင်း တည်ထောင်ခြင်း နှစ်(၃၀) ပြည့် အထိမ်းအမှတ်အစီအစဉ်များအား ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့က ကျင်းပခဲ့သည်။

တယ်ဟုန်တိုင်တိုင်းရင်းသား၊ဂျိမ်းဖောတိုင်းရင်း သားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊မန်စီမြို့တွင် အွန်လိုင်းနှင့်အော့ဖ်လိုင်း ပေါင်းစပ်မှုပုံစံဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် တရုတ်-မြန်မာမီဒီယာ Twin City ဖိုရမ်အား “တရုတ်-မြန်မာ အေးအတူပူအမျှအ သိုက်အဝန်း တည်ဆောက်ရေးအတွက် မီဒီယာခွန်အားပံ့ပိုးပေးခြင်း”ခေါင်းစဉ်ဖြင့်ကျင်းပရာမြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA) ဥက္ကဋ္ဌ ဦးမြတ်ခိုင် တက်ရောက်ဆွေးနွေးခဲ့သည်။

ယူနန်ပြည်နယ်ပါတီကော်မတီ ပြန်ကြားရေးဝန် ကြီးဌာနမှဦးစီး၍ ယူနန်‌နေ့စဉ်သတင်းစာလုပ်ငန်းအုပ်စု၊ ယူနန်ပြည်နယ် တောင်အာရှအရှေ့တောင်အာရှဒေသတွင်း နိုင်ငံတကာဆက်သွယ်‌ရေးစင်တာ၊တရုတ်နိုင်ငံကွန်မြူနစ်ပါတီ တယ်ဟုန်ပြည် နယ်ခွဲပါတီကော်မတီ ပြန်ကြားရေးဝန်ကြီးဌာနတို့က ပံ့ပိုးကျင်းပခြင်းဖြစ်သည်။

အခမ်းအနားတွင် ယူနန်ပြည်နယ် ဒု-အုပ်ချုပ်ရေးမှူး Mr. Wang Hao နှင့်ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းတို့က မိန့်ခွန်းများပြောကြားခဲ့ကြပြီး အပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က ဂုဏ်ပြုသဝဏ် လွှာပေးပို့ခဲ့သည်။

ယင်း ဖိုရမ်သည် တရုတ်-မြန်မာလူနေမှု၊ယဉ်ကျေး မှု၊စီးပွားရေး အပြန်အလှန်ဆက်သွယ်ရေးအပိုင်းကဏ္ဍများကိုကောင်းမွန်သည့် အကျိုးသက် ရောက်မှုရရှိစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကာ ပြည်သူချင်း စိတ်ချင်းဆက်နွယ်စေပြီး တ ရုတ်-မြန်မာ ကံကြမ္မာတူအသိုက်အဝန်း၏ အ ကြောင်းအရာများကို ပြောဆိုခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here