နိုင်ငံတကာနှစ်သစ်ကူးပွဲတော်နေ့နှင့်လွတ်လပ် ရေးနေ့တို့တွင် ဓာတ်အားခငွေကောက်ခံသည့် ကောင်တာများပိတ်မည်ဟု YESC အသိပေး

0
84

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်း(YESC)မှ နိုင်ငံတကာနှစ်သစ်ကူးပွဲတော်နေ့နှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တို့တွင် ဓာတ်အားခငွေကောက်ခံသည့် ကောင်တာများအားပိတ်ထားမည်ဟု အသိပေးကြေညာခဲ့သည်။

နိုင်ငံတကာနှစ်သစ်ကူးပွဲတော်နေ့ဖြစ်သည့် ဒီဇင် ဘာ ၃၁ ရက်နှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တို့တွင် ဓာတ်အားခငွေကောက်ခံသည့် ကောင်တာများအားပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင်လည်း ဓာတ်အားခငွေကောက်ခံသည့် ကောင် တာများအားပိတ်ထားမည်ဟု YESC ကအသိပေးခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်၊ ၃ ရက်၊ ၅ ရက်နှင့် ၆ ရက်တို့တွင်မူ ဓာတ်အားခငွေကောက်ခံသည့် ကောင်တာများအား နံနက် ၈ နာရီမှနေ့လည် ၃ နာ ရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း YESC ၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here