တောင်တရုတ်ပင်လယ်အတွင်းရှိ အမေရိကန်စစ်လေယာဉ်အနီးသို့ တရုတ်ဂျက်လေယာဉ်တစ်စီးချဉ်းကပ်လာဟုဆို

0
139

ဝါရှင်တန်၊ဒီဇင်ဘာ ၃၀

ပြီးခဲ့သည့်အပတ်က တောင်တရုတ်ပင်လယ်ရှိ နိုင်ငံတကာလေပိုင်နက်အတွင်း၌ တရုတ်စစ်လေယာဉ်တစ်စီးသည် အမေရိကန်လေတပ်လေယာဉ်တစ်စီး၏ ၃ မီတာအကွာအဝေးသို့ဝင်ရောက်လာသဖြင့် မတိုက်မိစေရန်ကြိုးစားရှောင်တိမ်းခဲ့ရကြောင်း အမေရိကန်စစ်တပ်က ဒီဇင်ဘာ ၂၉ ရက်နေ့ကပြောကြားခဲ့သည်။

ယခုဖြစ်စဉ်၌ ထိပ်တိုက်တွေ့ခဲ့ကြသည့်လေယာဉ်များမှာ တရုတ်ရေတပ်မှ J – 11 တိုက်လေယာဉ်နှင့် အမေရိကန်လေတပ်မှ RC – 135 တိုက်လေယာဉ်တို့ဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုသိရှိရသည်။

အင်ဒို – ပစိဖိတ်ဒေသရှိ နိုင်ငံများအားလုံးအနေဖြင့် နိုင်ငံတကာလေပိုင်နက်အား ဘေးကင်းလုံခြုံစွာနှင့် နိုင်ငံတကာဥပဒေနှင့်အညီ အသုံးပြုနိုင်ကြဖို့မျှော်လင့်သည်ဟုလည်း အမေရိကန်၏ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ယခုဖြစ်စဉ်၌ အဆိုပါတရုတ်ဂျက်လေယာဉ်သည် အမေရိကန်လေယာဉ်တောင်ပံ၏ ၃ မီတာအကွာနှင့် လေယာဉ်နှုတ်သီး၏ ၆ မီတာအကွာသို့ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဘက်မှ အလျင်အမြန်ရှောင်တိမ်းနိုင်ရန်ကြိုးပမ်းခဲ့ရသည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဝါရှင်တန်ရှိတရုတ်သံရုံးအား ဆက်သွယ်မေးမြန်းရာ၌ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ကြောင်းလည်းသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here