ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ ရက်ချိန်းတိုကင်များအား ဇန်နဝါရီ ၇ ရက်မှစတင်၍ ပြန်ထုတ်ပေးမည်

0
142

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ရက်ချိန်းတို ကင်များအား ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၇ ရက်မှစ တင်၍ ပြန်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးရာတွင် အပတ်စဥ် စနေနေ့တိုင်း၌ ရက်ချိန်းတိုကင်များအား ကိုယ်တိုင်လာရောက်ထုတ်ယူသည့်စနစ်ဖြင့် နံနက် ၉ နာရီမှမွန်းတည့် ၁၂ နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကာ ၂၀၂၂ ခုနှစ်အတွင်း သက်တမ်းကုန်ဆုံးသွားသည့် နိုင်ငံကူးလက်မှတ်များကိုသာ ထုတ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

မြန်မာသံရုံးသည် ၂၀၂၂ ခုနှစ်အတွင်း သက်တမ်းကုန်သူများကို ပထမဦးစားပေးအဖြစ် ဆောင်ရွက်ပေးလျက်ရှိပြီး နှစ်အလိုက်၊လအလိုက် သက်တမ်းကုန်သူများကိုလည်း အစဉ်လိုက်ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

ရက်ချိန်းတိုကင်လာရောက်ထုတ်ယူရာ၌ ကိုယ်စားလှယ်များစေလွှတ်ခြင်းအား ခွင့်ပြုသွားမည်မဟုတ်သည့်အပြင် နိုင်ငံကူးလက်မှတ်သက်တမ်းကျန်ရှိသူများကိုလည်း လုံးဝထုတ်ပေးမည်မဟုတ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here