ရန်ကုန်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ် လပ်ရေးနေ့ဂုဏ်ပြုအထိမ်းအမှတ် Sticker Campaign ပြုလုပ်

0
243

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တွင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအထိမ်းအမှတ် Sticker Campaign အား ဒီဇင်ဘာ ၃၁ ရက်(ယနေ့)နံနက်ပိုင်းက ပြု လုပ်ခဲ့ကြသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ရန် ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၊ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)၊ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန(ပစန)တို့ပူးပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Sticker Campaign ၌ Sticker ၁၂၀၀၀ ခုအား ဆူးလေမှတ်တိုင်၊သခင်မြပန်းခြံ၊စံပြဈေးမှတ် တိုင်၊လှည်းတန်းလမ်းဆုံ၊ကမ္ဘာအေးဘုရားမှတ် တိုင်၊အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်ဝန်းတို့ရှိ ခရီးသည်တင် YBS ဘတ်စ်ကားများ၊အဝေးပြေးဘတ်စ်ကားများ၊ အဌားကားများ၊ အိမ်စီးကားများတွင် တပ်ဆင်ပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here