ဗဟိုဘဏ်အနေဖြင့် ငွေအသစ်ရိုက်နှိပ်ထုတ်ဝေရန်မရှိသည့်အပြင် ဒေါ်လာရည်ညွှန်းဈေး ပြောင်းလဲရန်အစီအစဉ်မရှိ

0
225

မြန်မာနိုင်ငံ ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူ အသစ်ထုတ်ဝေခြင်း နှင့် နိုင်ငံခြားငွေ ရည်ညွှန်းဈေး ပြောင်းလည်း သတ်မှတ်ရန် အစီအစဉ်မရှိကြောင်း ဗဟိုဘဏ် တာဝန်ရှိသူတဦးက ပြောသည်။

အချို့​ကောလဟလ ထွက်​ပေည်​နေမှုအပေါ် ဗဟိုဘဏ်က ဒီဇင်ဘာ (၃၀) ရက်တွင် ပြန်လည် ငြင်းဆိုလာခြင်း ဖြစ်သည်။

” မြန်မာနိုင်ငံ ဗဟိုဘဏ်အနေဖြင့် ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းကို ပြောင်းလဲရန် အစီအစဉ်နှင့် ငွေစက္ကူအ မျိုးအစားကိုလည်း အသစ်ထုတ်ဝေရန် အစီအစဉ်မရှိကြောင်း အသိပေးအကြောင်းကြား အပ်ပါသည်” ဟု ဒီ ဇင်ဘာ (၃၀) ရက် ရက်စွဲဖြင့် အများပြည်သူသို့ အသိပေးကြေညာချက်ဟုဆိုကာ ထုတ်ပြန်လာခြင်း ဖြစ်သည်။

ပြည်တွင်းဒေါ်လာဈေးကွက်တွင် ဈေးနှုန်း တည်ငြိမ်နေသည့်အပေါ် ဈေးကစားမှုများ လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်မည်ဟု သတ င်းအမှားများ ဖြန့်ဝေမှုကို မကြာခဏ လုပ်ဆောင်နေကြခြင်းဖြစ်ပြီး ယင်းသို့ လုပ်ဆောင်နေမှုများကို ထိထိရော က်ရောက် အရေးယူသင့်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုမှုများလည်း ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here