မိုင်းဖုန်းဆရာတော်ကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာလာရောက်သူများ၏ အရေးပေါ်ကျန်းမာရေးပြုစုကုသပေးနိုင်ရန်စီစဥ်ထား

0
205

မိုင်းဖုန်းဆရာတော်ကြီး၏ သက်တော်(၆၀)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာသို့ လာရောက်သူများ၏ အရေးပေါ်ကျန်းမာရေးပြုစုကုသပေးနိုင်ရန် လူမှုကူညီရေးအသင်းအဖွဲ့များက စီစဥ်ထားကြောင်း သိရသည်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ အခမဲ့ဆေးကုသခြင်းအပြင် တာချီလိတ်မြို့အခြေစိုက် မေတ္တာရှင် လူမှုကူညီရေးအသင်း၊ရွှေတာချီလူမှုကူညီရေးအသင်း၊တာချီလိတ်သဒ္ဒါပရဟိတအသင်း၊ရွှေမယ်ယန်းပရဟိတအသင်း၊တာချီလိတ်အရန်မီးသတ်တပ်ဖွဲ့၊ကြက်ခြေနီအသင်းတို့မှ ယာယီဆေးခန်းများဖွင့်လှစ်ထားကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်ကြီး၏ သက်တော်(၆၀)နှစ်ပြည် ဝိဇာတမွေးနေ့မင်္ဂလာအား ၂၀၂၃ ခုနှစ်၊ဇနနဝါရီ ၁ ရက်(မနက်ဖြန်)မှ ၆ ရက်အထိ တာချီလိတ်မြို့ရှိ လွန်းလိန်းကျောင်းတိုက်၌ ဆင်ယင်ကျင်းပသွားမည်ဖြစ်သည်။

မွေးနေ့မင်္ဂလာ၌ လာရောက်သူများအား စတုဒိ သာကျွေးမွေးလှူဒါန်းသွားမည်ဖြစ်၍ အခကြေး ငွေဖြင့် စျေးရောင်းချခြင်းအား တားမြစ်ထားကြောင်း သိရသည်။

ထိုသို့ အခကြေးငွေဖြင့်စျေးရောင်းချခြင်းအား တွေ့ရှိရပါက ဝိဇာတမွေးနေ့မင်္ဂလာအား လုံခြုံ ရေးတာဝန်ယူထားသူများမှ ပွဲတော်ပြီးဆုံးသည်အထိ ရောင်းချသည့်ပစ္စည်းများအား ပွဲတော်ပြီး ဆုံးသည်အထိ သိမ်းဆည်းထားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မိုင်းဖုန်းဆရာတော်ကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာနှင့်အတူ ဒီဇင်ဘာ ၁ ရက်(မနက်ဖြန်)တွင် မိုင်းဖုန်းကျေးရွာအုပ်စုရှိ မိုင်းဖုန်းကောင်းမှုခမ်းလုံ ဗုဒ္ဓဂါယာမဟာဗောဓိစေတီတော်မြတ်ကြီးအား စိန်ဖူးတော်တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here