ရုရှား ဒရုန်း ၇စင်း ယူကရိန်းပစ်ချနိုင်ခဲ့ဟုဆို

0
161

ပြီးခဲ့သည့် ရက်များအတွင်း ကီယက်ဗ်မြို့ကို ရုရှားတို့က မောင်းသူမဲ့ ဒရုန်းလေယာဉ် ၇စင်းမှနေ၍ ဒုံးကျည်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးတပ်များက အဆိုပါ ဒရုန်းများကို ပစ်ချနိုင်ခဲ့ကြောင်း ကီယက်ဗ်မြို့ အာဏာပိုင်များက ပြောကြားသည်။

ရုရှားနိုင်ငံသည် ပြီးခဲ့သည့်ရက်များအတွင်း ယူကရိန်းနိုင်ငံ၏ မြိုတော် ကီယက်ဗ်၊ အရှေ့မြောက်ဘက်မြိုတော် ခါကိဗ်မြိုနှင့် အခြားမြိုများကို ပစ်မှတ်ထားကာ ဒုံးကျည်အမြောက်အမြား ပစ်ခတ်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ပြန်ကာ ဗုံးခိုလှုရန်စီစဉ်ထားသည့်နေရာများသို လူအမြောက်အမြားရောက်ရှိလာကြကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်နှင့် တောင်ပိုင်းဒေသများရှိ အရေးကြီးသော စွမ်းအင်အခြေခံအဆောက်အအုံများကို အဆိုပါ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းတပ်မတော်မှ ဗိုလ်မှူးချုပ် Oleksiy Hromov က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here