ကမ္ဘောဒီးယားကာစီနိုဟိုတယ်မီးလောင်မှုမှသေဆုံးသူများထဲတွင် ထိုင်းနိုင်ငံသား ၁၇ ဦးပါဝင်ဟုဆို

0
146

ဘန်ကောက်၊ဒီဇင်ဘာ ၃၁

ဒီဇင်ဘာ ၂၉ ရက်နေ့ကဖြစ်ပွားခဲ့သော ထိုင်း – ကမ္ဘောဒီးယားနယ်စပ်မှ ကာစီနိုဟိုတယ် Grand Diamond City တွင်ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှု၌ ထိုင်းနိုင်ငံသား ၁၇ ဦးပါဝင်ကြောင်းသိရှိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုဖြစ်စဉ်၌ စုစုပေါင်း ၂၆ ဦးသေဆုံးခဲ့ကြောင်း ကမ္ဘောဒီးယားအာဏာပိုင်များကပြောကြားခဲ့သည်။သေဆုံးသူများထဲ၌ ထိုင်းနိုင်ငံသား ၁၇ ဦး၊နီပေါမှ ၁ ဦး၊မလေးမှ ၁ ဦး၊တရုတ်နိုင်ငံသား ၁ ဦးနှင့် ကျန်ခြောက်ယောက်အား စုံစမ်းနေဆဲဖြစ်ကြောင်းသိရှိရသည်။

အဆိုပါမီးဘေး၌ ထိုင်းနိုင်ငံသားဒဏ်ရာရရှိသူ စုစုပေါင်း ၁၁၂ ဦးရှိပြီး ၂၇ ဦးသည် ဆေးရုံ၌ကုသမှုခံယူနေဆဲဖြစ်ကာ ကျန်သူများမှာ သက်သာသဖြင့်ဆေးရုံဆင်းသွားကြပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့်အန္တရာယ်လျော့ပါးရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ကနဦးစုံစမ်းချက်များအရ အဆိုပါမီးဘေးသည် နှစ်သစ်ကူးအတွက်အလှဆင်ထားသော မီးဆိုင်းများမှ အပူလွန်ကာဝါယာရှော့ခ်ဖြစ်ခဲ့ခြင်းမျိုးဖြစ်ကြောင်းသိရှိရသည်။

Ref : abc News & Khaosod English


LEAVE A REPLY

Please enter your comment!
Please enter your name here