တရုတ်နိုင်ငံ၏ ကိုဗစ်စည်းမျဉ်းများသတ်မှတ်ရာ၌ နိုင်ငံများကြားသဘောထားကွဲ

0
234

တိုကျို၊ဒီဇင်ဘာ ၃၁

တရုတ်နိုင်ငံကကိုဗစ်စည်းမျဉ်းများ ရုပ်သိမ်းလိုက်ခြင်းကြောင့် တရုတ်နိုင်ငံသားခရီးသွားများ များပြားလာခြင်းကို ကိုင်တွယ်ဖြေရှင်းရာ၌ ကမ္ဘာတစ်ဝန်းအစိုးရများကြားတွင် သဘောထားကွဲလွဲမှုများဖြစ်‌ပေါ်လျက်ရှိသည်။

ဂျပန်နှင့်အမေရိကကဲ့သို့သောနိုင်ငံများက ခရီးသွားများအပေါ် တင်းကြပ်သောစည်းမျဉ်းများချမှတ်လျက်ရှိသော်လည်း စင်္ကာပူနှင့်အီးယူတို့က စည်းမျဉ်းအသစ်၊ကန့်သတ်ချက်အသစ်များဖြင့် လုပ်ဆောင်ရန်မလိုအပ်ဟုဆိုခဲ့သည်။

တောင်ကိုရီးယားကလည်း တရုတ်ခရီးသည်များအား ကိုဗစ်စစ်ဆေးမည်ဖြစ်ပြီး ကိုဗစ်ရှိကြောင်းစစ်ဆေးတွေ့ရှိပါက ကွာရန်တင်းဝင်ရမည်ဖြစ်ကြောင်းဆိုခဲ့သည်။

မလေးရှားကမူ တရုတ်နိုင်ငံသားများအပါအဝင် ဝင်ရောက်လာသူခရီးသွားများအားလုံး ကိုယ်အပူချိန်တိုင်းတာရမည်ဖြစ်ကာ အဖျားရှိလျှင်သော်လည်းကောင်း၊မသင်္ကာစရာလက္ခဏာရှိလျှင်သော်လည်းကောင်း ကိုဗစ်မဖြစ်မနေစစ်ဆေးရမည်ဟုသတ်မှတ်ထားသည်။

စပိန်နှင့်အင်္ဂလန်တို့ကမူ ကိုဗစ်ကင်းကြောင်းစစ်ဆေးမှုအဖြေနှင့် ကာကွယ်ဆေးထိုးထားသော သက်သေခံလက်မှတ်ပြရမည်ဟုဆိုသည်။အီတလီအနေဖြင့် တရုတ်ခရီးသွားများကိုစစ်ဆေးမည်ဖြစ်ပြီး ရောဂါတွေ့ရှိပါက ကွာရန်တင်းဝင်ရမည်ဟုဆိုသည်။

ပြင်သစ်ကမူ သမ္မတအမန်နူရယ်မက်ခရွန်က မည်သို့တုံ့ပြန်မည်ကိုမဆုံးဖြတ်ရသေးဟုဆိုသည်။အင်ဒိုသည်လည်း လက်ရှိစည်းမျဉ်းထက် ပြင်ဆင်ထပ်တိုးခြင်းမျိုးမရှိပေ။

တရုတ်အနေဖြင့်မူ ၎င်းနိုင်ငံသို့လာမည့်ခရီးသွားများအနေဖြင့် ၄၈ နာရီအတွင်းစစ်ဆေးထားသည့် ကိုဗစ်ကင်းရှင်းကြောင်းအထောက်အထားနှင့် ဟိုတယ်ကွာရန်တင်းစနစ်အား ဖျက်သိမ်းပေးမည်ဟုသိရှိရသည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here