နှစ်ဦးကုသိုလ်အဖြစ် မေတ္တာတော်စံအိမ်ရှိမိဘမဲ့ကလေးများအတွက်အလှူငွေများလှူဒါန်းပေးခဲ့တဲ့ခန့်စည်သူ

0
383

၂၀၂၃ ခုနှစ်ရဲ့နှစ်ဦး ကုသိုလ်အလှူအဖြစ် သရုပ်ဆောင် ခန့်စည်သူဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မေတ္တာတော်စံအိမ်ရှိ( ရှမ်း၊ကချင်၊ပလောင်၊လားဟူ၊ဗမာ၊ဂျိန်းဖော)ကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာမှာရှိတဲ့ မိဘမဲ့ကလေးငယ်များအတွက်အလှူငွေများလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

“ရှမ်းပြည်နယ်မြောက်ပိုင်း၊ မေတ္တာတော်စံအိမ်ရှိ မိဘမဲ့( ရှမ်း၊ကချင်၊ပလောင်၊လားဟူ၊ဗမာ၊ဂျိန်းဖော)ကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာသို့ နှစ်ဦးအလှူအဖြစ် အလှူငွေ (၄၁၀၀၀၀)ကျပ်ကို လှူဒါန်းခဲ့ပါတယ်။

ကလေးများ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာကြပါစေ။ အနာဂတ်၏ သားကောင်းရတနာလေးများဖြစ်ကြပါစေ။လှူဒါန်းမှု အစုစုတို့အတွက် သာဓု ခေါ်ဆိုနိုင်ကြပါစေ ” လို့သူလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here