ပုပ်ရဟန်းမင်းကြီး၏ဈာပနသို့ ထိုင်ဝမ်သမ္မတ၏အထူးသံတမန်တက်ရောက်မည်

0
108

တိုင်ပေ၊ဇန်နဝါရီ ၁

ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်သည် ယခုအပတ်အတွင်း ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ၏ ဈာပနအခမ်းအနားသို့ အထူးသံတမန်တစ်ဦး စေလွှတ်မည်ဖြစ်ပြီး ထိုင်ဝမ်နှင့်ဗာတီကန်ကြား နက်ရှိုင်းသောချစ်ကြည်ရင်းနှီးမှုကို ပြသခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။

ဗာတီကန်သည် ထိုင်ဝမ်၏ တစ်ခုတည်းသော ဥရောပသံတမန်မဟာမိတ်ဖြစ် သည်ဟု တရုတ်က အခိုင်အမာဆိုသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာမည်ကို တိုင်ပေကစိုးရိမ်မှုဖြင့်စောင့်ကြည့်နေခဲ့ရသည်။

ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော ကျွန်းနိုင်ငံငယ်သည် တရုတ်၏ဖိအားကြောင့် နိုင်ငံပေါင်း ၁၄ နိုင်ငံနှင့်သာ တရားဝင်ဆက်ဆံရေးရှိကြောင်းသိရှိရသည်။

ထိုင်ဝမ်သမ္မတရုံး၏ထုတ်ပြန်ချက်တစ်ခုတွင် ဆိုင်သည် “ထိုင်ဝမ်နှင့်ဗာတီကန်အကြား နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ ဈာပနအခမ်းအနားအတွက် အထူးသံတမန်အဖြစ် ထိုင်ဝမ်ဒုသမ္မတဟောင်းနှင့် ကက်သလစ်ဘာသာဝင် Chen Chien-jen အားခန့်အပ်လိုက်ကြောင်း” ကို ဆိုင်ကကြေငြာခဲ့သည်။

Chen သည် ၂၀၁၆၊၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့တွင် ဗာတီကန်သို့ ၃ ကြိမ်သွားရောက်ခဲ့ပြီး မာသာထရီဇာ၏ ဘွဲ့ခံအခမ်းအနားသို့လည်းတက်ရောက်ခဲ့ဖူးသူတစ်ဦးဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here