(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူ(၂၀၆ )ဦးကို နစက ဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲ့များပေးအပ်ချီးမြှင့်

0
278

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့ရရှိသူ ၃ ဦးအပါအဝင်(၂၀၆)ဦးတို့အား နစက ဥက္ကဋ္ဌရုံးရှိ သဘင်ဆောင်၌ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားအား ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းက ကျင်းပခဲ့သည်။

နစက ဥက္ကဋ္ဌက အဂ္ဂမဟာသီရိသုဓမ္မဘွဲ့နှင့်အဂ္ဂမဟာသရေစည်သူဘွဲ့ရရှိသည့် နိုင်ငံတော်ဝန်ကြီး ချုပ်(ငြိမ်း)ဦးနု(ကိုယ်စား)သမီးဒေါ်သန်းသန်းနု၊ နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးစန်းယု(ကိုယ်စား)သ မီးဒေါ်လဲ့လဲ့ယု၊နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) ဗိုလ် ချုပ်မှူးကြီးစောမောင်(ကိုယ်စား)သားဦးသီဟစောတို့အား ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီး မြှင့်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သည့် အဂ္ဂမဟာသရေစည်သူ ဘွဲ့ရရှိသည့် နိုင်ငံ တော်ဝန်ကြီးချုပ်(ငြိမ်း)ဦးနေဝင်း(ကိုယ်စား)သ မီးဒေါက်တာခင်စန္ဒာဝင်း၊သတိုးမဟာသရေစည်သူဘွဲ့ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်ကြီးသူရကျော်ထင်(ကိုယ်စား)ဦးသန့်ကျော်ကိုတို့အား ဂုဏ်ထူးဆောင်ဘွဲ့များပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် မဟာသရေစည်သူဘွဲ့ရရှိသည့် နစက ဒု-ဥ က္ကဋ္ဌ၊ ဒု-ဝန်ကြီးချုပ်၊ ဒု-တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒု-ဗိုလ် ချုပ်မှူးကြီးစိုဝင်း၊နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း)ဦးဗဆွေ(ကိုယ်စား)သမီးဒေါ်နေရည်ဗဆွေ၊နိုင်ငံ တော်ဝန်ကြီးချုပ်(ငြိမ်း)သူရဦးထွန်းတင်(ကိုယ် စား)သားဦးရဲမြင့်ထွန်း၊ဒု-ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒု-ဗိုလ်ချုပ်ကြီးအေးကို(ငြိမ်း)(ကိုယ်စား) မြေးဒေါ်မေသက်ကျော်၊ ဒု-ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)ဒု-ဗိုလ်ချုပ်ကြီးထွန်းရီ(ငြိမ်း)(ကိုယ် စား)သားဦးဇော်ထွန်းနှင့် ဒု-ဝန်ကြီးချုပ်(ငြိမ်း)ဦးကျော်ငြိမ်း(ကိုယ်စား)သမီးဒေါ်ချိုချိုကျော်ငြိမ်းတို့ကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့များပေးအပ်ချီး မြှင့်ခဲ့သည်။

ထို့အတူ သရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ သီဟသူရဘွဲ့၊ သူရဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိကြသူများကိုလည်း နစက ဥက္ကဋ္ဌက ဂုဏ် ထူးဆောင်ဘွဲ့များပေးအပ်ချီးမြှင့်ခဲ့သည်။

“ဂုဏ်ပြုချီးမြှင့်ထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတရားတော်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကာ မိမိတို့၏ ဘဝတစ်သက်တာအတွင်း တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေကို အခုလို မှတ်တမ်းတင်ဂုဏ်ပြုချီးမြှင့်ခြင်း ခံရသလို ဆက်ပြီး အနာဂတ်ကာလမှာလည်း နိုင်ငံ တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊အေးချမ်း သာယာရေး၊ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ရဲ့ သားစဉ်မြေးဆက်တွေကိုပါ အခုလို ကြိုးပမ်းဆောင်ရွက်စေဖို့ စံနမူနာကောင်းတွေ ပြကြပါ”ဟု နစက ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားရာ၌ တိုက်တွန်းမှာကြားခဲ့သည်။

နစက ဥက္ကဋ္ဌမှ အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ရသူ ၃ ဦး၊ သတိုးသီရိသုဓမ္မဘွဲ့ရသူ ၁ ဦး၊အဂ္ဂမဟာ သရေစည်သူဘွဲ့ရသူ ၄ ဦး၊သတိုးမဟာသရေစည်သူဘွဲ့ရသူ ၂ ဦး၊မဟာသရေစည်သူဘွဲ့ရသူ ၆ ဦး၊သရေစည်သူဘွဲ့ရသူ ၁၁ ဦး၊စည်သူဘွဲ့ရသူ ၇၈ ဦးသီဟသူရဘွဲ့ရသူ ၁ ဦး၊သူရဘွဲ့ရသူ ၄ ဦး၊ဇေယျကျော်ထင်ဘွဲ့ရသူ ၅၀ ဦး၊ဝဏ္ဏကျော်ထင်ဘွဲ့ရသူ (သံအမတ်ကြီးများ) ၂၈ ဦး၊ဝဏ္ဏကျော်ထင်ဘွဲ့ရသူ(အကြံပေးပုဂ္ဂိုလ်) ၈ ဦး(စုစုပေါင်း ၂၀၆ ဦး)တို့အား ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်ပေးအပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here