စိတ်ကျန်းမာရေးချို့ယွင်းနေသည့် သမီးဖြစ်သူကဖခင်အားဓားဖြင့်ခုတ်ပြီး ဖခင်ကလည်း ငရုတ် ကျည်ပွေ့ဖြင့်ပြန်ထု၍ ၂ ဦးလုံးထိခိုက်ဒဏ်ရာရရှိခဲ့မှု လွိုင်ကော်မြို့တွင်ဖြစ်ပွား

0
349

ကယားပြည်နယ်၊လွိုင်ကော်မြို့၊မင်းစုရပ်ကွက်၊အုပ်စု(၉)တွင် ဇန်နဝါရီ ၁ ရက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှ သိရသည်။

ယင်းနေ့က မင်းစုရပ်ကွက်၊အုပ်စု(၉)တွင် စိတ်ကျန်းမာရေးချို့ယွင်းနေသည့် မခင်စန်းဝင်း (၃၈)နှစ်မှ ဖခင်ဖြစ်သူ ဦးလော်သဲ(၇၆)နှစ်အား ဓားဖြင့်ခုတ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဦးလော်သဲမှ မခင်စန်းဝင်းအား ငရုပ်ကျည်ပွေ့ဖြင့်ပြန်ထုခဲ့သဖြင့် သားအဖနှစ်ဦးလုံးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းက မြေပြင်ပြုစုကုသမှုများပြုလုပ်ပေးခဲ့ကြသည်။

“ဦးလော်သဲရဲ့ နားထင်နဲ့နဖူးမှာ ဓားဒဏ်ရာ မခင်စန်းဝင်းရဲ့ ငယ်ထိပ်နဲ့ညာဘက်လက်မှာ ငရုပ်ကျည်‌ပွေ့နဲ့ထုခံရတဲ့ ဒဏ်ရာတွေရသွားခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် သားအဖ ၂ ဦးလုံးအား ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှ လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here