ဒီဇင်ဘာလတွင် ဂျပန်နိုင်ငံ၌ကို‌ဗစ်‌ကြောင့်သေဆုံးမှုခုနစ်‌ထောင်ကျော်ဖြင့်စံချိန်တင် မြင့်တက်ခဲ့

0
224

တိုကျို၊ဇန်နဝါရီ ၁

ဂျပန်နိုင်ငံ၌ ဒီဇင်ဘာလအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ သည် ၇,၆၈၈ ဦး အထိရှိခဲ့ရာ စံချိန်တင် မြင့်တက်ခဲ့ ခြင်းဖြစ်ပြီး ယခင်လှိုင်းများအတွင်းဖြစ်ပွားခဲ့သည့် ဩဂုတ်လစံချိန်၏ ၇,၃၂၉ ဦးထက်ကျော်လွန်ခဲ့ကြောင်း သိရှိရသည်။

အဋ္ဌမမြောက်လှိုင်းစတင်လာ၍ နိုဝင်ဘာလမှစတင်ကာ သေဆုံးသူဦးရေသည် သိသိသာသာတိုးလာခဲ့ခြင်းဖြစ်သည်။

နှစ်ကူးအားလပ်ရက်များတွင် လူအနည်းငယ်သာ စမ်းသပ်စစ်ဆေးခဲ့ရသဖြင့် ၂၀၀ အောက်သို့ကျဆင်းသွားခဲ့‌ သော်လည်း အင်္ဂါနေ့၌ ၄၃၈ ဦးဖြင့်စံချိန်တင်ခဲ့ပြီး နောက်နေ့တွင် ၄၀၀ အထက်၌ရှိနေကြောင်း ကျိုဒိုသတင်းဌာနအရသိရသည်။

အိုမီခရွန်၏သဘာဝကြောင့် ပြင်းထန်မှုနှုန်းကျဆင်းသွားသော်လည်း ကူးစက်နိုင်မှုတိုးလာခြင်းကြောင့် ကူးစက်မှုများသည် အတိုင်းအတာတစ်ခုအထိ ယခုကဲ့သို့မြင့်တက်လာခြင်းဖြစ်သည်ဟုဆိုသည်။

ကူးစက်နှုန်းတိုးလာပြီး သေဆုံးမှုကျဆင်းသွားပြီးနောက် အားလပ်ရက်ခရီးသွားလာမှုများကြောင့် ကူးစက်နှုန်းရော သေဆုံးမှုပါပြန်မြင့်လာမည်ကိုလည်း စိုးရိမ်နေမှုများရှိကြသည်ဟုသိရသည်။

Source : Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here