သြစတြေးလျတွင် ရဟတ်ယာဉ် ၂စင်းတိုက်မိသဖြင့် လူ ၄ ဦးသေဆုံး

0
239

သြစတြေးလျနိုင်ငံ Gold Coast ကမ္ဘာလှည့်ခရီးသွားများ ထူထပ်ရာဒေသတွင် ယနေ့ ဇန်နဝါရီ ၂ ရက်နေ့၌ ရဟတ်ယာဉ် ၂စင်း တိုက်မိသဖြင့် လူ ၄ ဦး သေဆုံးကြောင်း တာဝန်ရှိသူများက သတင်းထုတ်ပြန်သည်။

အခြားသူ ၃ ဦးမှာမူ ဒဏ်ရာပြင်းထန်စွာရရှိပြီး စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ရဟတ်ယာဉ်တစ်စင်း ဆင်းသက်နေချိန်တွင် အခြားတစ်စင်းက လေထဲသို့ ပျံတက်ခဲ့ရာမှ တိုက်မိကြခြင်းဖြစ်နိုင်ကြောင်း ကွင်းစလန်ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိ ဂယ်ရီဝါရဲလ်ကပြောသည်။

“တိုက်မိတဲ့ ရဟတ်ယာဉ် ၂စင်းဟာ Sea World အပန်းဖြေကမ်းခြေအလွန် သဲသောင်ပြင်ပေါ်မှာ တစ်စင်းက ပျက်ကျ၊ နောက်တစ်စင်းက ဆင်းသက်ခဲ့တာပါ”ဟုလည်း ဂယ်ရီဝါရဲလ်ကပြောသည်။

သို့ရာတွင် ပြန်လည်ဆင်းသက်နိုင်ခဲ့သော ရဟတ်ယာဉ်မှာလည်း တိုက်မိမှုကြောင့် ရှေ့လေကာမှန်မရှိတော့ချေ။

ပျက်ကျရခြင်း အသေးစိပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သဖြင့် အတိအကျမပြောနိုင်သေးကြောင်းကိုလည်း သူက ဖြည့်စွက်ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here