နစက ဥက္ကဋ္ဌမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့ရသူ များအား ဒုတိယနေ့အဖြစ် ချီးမြှင့်အပ်နှင်း

0
132

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့ရသူများအား နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒုတိယနေ့အဖြစ် တက်ရောက်ချီးမြှင့်အပ်နှင်းခဲ့သည်။

အခမ်းအနားအား ဒုတိယနေ့အဖြစ် ဇန်နဝါရီ ၂ ရက်နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းတို့တွင် နစက ဥက္ကဋ္ဌရုံး၊သဘင်ဆောင်၌ အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

နံနက်ပိုင်းအခမ်းအနားတွင် နစက ဥက္ကဋ္ဌမှ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် သီရိပျံချီဘွဲ့ရသူ ၁၆၈ ဦးနှင့်ဝဏ္ဏကျော်ထင်ဘွဲ့ ရသူ ၂၁ ဦးနှင့်မွန်းလွဲပိုင်းအခမ်းအနားတွင် ဝဏ္ဏကျော်ထင်ဘွဲ့ရသူ ၁၃၂ ဦး၊အလင်္ကာကျော်စွာဘွဲ့ရသူ ၁၈ ဦးနှင့် သိပ္ပကျော်စွာဘွဲ့ရရှိသူ ၅ ဦးတို့အား ဂုဏ်ထူး ဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအ ခမ်းအနားတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်ထဲရေးဝန်ကြီးဌာနမှဝန်ထမ်းများ၊ပြန်ကြား ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်တိုင်း ရင်းသား လူငယ်မောင်မယ်များ၊ကျောင်းသား၊ ကျောင်းသူများနှင့် နစက အိမ်တော်ဂုဏ်ပြုခန်းမဆောင်အား ပုံစံဒီဇိုင်းရေးဆွဲပေးခဲ့သည့် ဗိသုကာပညာရှင်တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ဇန်နဝါရီ ၁ ရက်ကလည်း ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ ၇၄၄ ဦးအနက် ၂၀၆ ဦးအား နစက ဥက္ကဋ္ဌမှဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းပေးခဲ့ပြီးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here