ဗီယက်နမ်နိုင်ငံအား အာဆီယံ-ရီယာဒ်ကော်မတီ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ မြန်မာသံအမတ်ကြီးဦးတင်ယုတက်ရောက်

0
92

ဗီယက်နမ်နိုင်ငံအား ၂၀၂၃ ခုနှစ်အတွက် အာဆီယံ-ရီယာဒ်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦး တင်ယုသည် ရီယာဒ်မြို့အခြေစိုက် အာဆီယံနိုင်ငံ သံရုံးများမှ သံအမတ်ကြီးများနှင့်အတူတက်ရောက်ခဲ့သည်။

အခမ်းအနားအား ၂၀၂၂ ခုနှစ်အတွက် အာဆီယံ-ရီယာဒ်ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံသံရုံးမှ ဒီဇင်ဘာ ၃၀ ရက်က ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။

အာဆီယံ-ရီယာဒ်ကော်မတီ၏ လက်ရှိအလှည့် ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Darm Boontham က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ထို့နောက် အာဆီယံ-ရီယာဒ်ကော်မတီ၏ ၂၀၂၃ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌတာဝန်အား အ လှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဗီယက်နမ်နိုင်ငံ သံအ မတ်ကြီး H.E. Mr. Dang Xuan Dung ထံလွှဲ ပြောင်းပေးအပ်ခဲ့သည်။ 

အဆိုပါ အခမ်းအနားတွင် ထိုင်းနိုင်ငံသံရုံးမှကြီးမှူး၍ ASEAN Family’s Day အခမ်းအနားကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here