မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံးအား ချမ်းအေးသာစံမြို့နယ်တွင်တွေ့ရှိ ၊ဖောက်ခွဲဖျက်ဆီးခဲ့

0
293

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ ၈၉ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ သီရိဟေမာအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း၌ ဇန်နဝါ ရီ ၂ ရက်နံနက်ပိုင်းက တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့နံနက် ၇ နာရီခွဲခန့်က ချမ်းအေးသာစံမြို့နယ်၊ ၈၉လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ သိရီဟေမာအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း၌ သန့်ရှင်းရေးပြုလုပ်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက သစ်ပင်ခြေရင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးရာ တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံးဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရပြီး နံနက် ၈ နာရီ ၄၅ မိနစ်တွင် စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

“ပြည်သူတွေအန္တရာယ်မရှိအောင် လက်ပစ်ဗုံးတွေ့တဲ့ နေရာဝန်းကျင်ကိုခနလမ်းပိတ်ပြီး လုံခြုံရေးအဖွဲ့ဝင်တွေက ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here