ကားပေါ်ရှိအုတ်ကြပ်အမိုးပြားများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ ကဖင်းများအား တာချီလိတ်မြို့နယ်တွင်ဖမ်းမိ

0
318

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊မယ်ယန်းပူး ပေါင်းစစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာ ၂၈ ရက်မွန်းတည့်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့မွန်းတည့် ၁၂ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာချီလိတ်ဘက်မှကျိုင်းတုံဘက်သို့ စိုင်းဆန်ခေး မောင်းကာ စိုင်းလှိုင်းပန် လိုက်လာသည့် Nissan ၁၂ ဘီးကားအား ရှာဖွေခဲ့ကြသည်။

ကားပေါ်ရှိ အုတ်ကြွပ်အမိုးပြားများဖြင့်ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း(ကဖင်း) ၁ ဒသမ ၃၅ တန်၊ မွှေစက်အကြီး ၂ လုံးနှင့်အသေး ၂ လုံးတို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

စစ်ဆေးချက်အရ ထိန်းချုပ်ဓာတုပစ္စည်း(ကဖင်း)များအား မဲခေါင်မြစ်ကြောင်းမှတစ်ဆင့် တာချီလိတ်မြို့နယ်သို့ရောက်ရှိပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)၊ကွန်ဟိန်းမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထိန်းချုပ်ဓာတုပစ္စည်း(ကဖင်း)များနှင့်အတူဘဖမ်းဆီးရမိသူ ၂ ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here