ဟောင်ကောင်နှင့်မကာအိုမှခရီးသည်များပါ ကိုဗစ်စစ်ရမည်ဟုတောင်ကိုရီးယားဆို

0
1673

ဆိုးလ်၊ဇန်နဝါရီ ၃

တရုတ်နိုင်ငံ၏ တင်းကြပ်သောကိုဗစ်မူဝါဒများကို ရုတ်သိမ်းရန်ဆုံးဖြတ်ပြီးနောက် ဟောင်ကောင်နှင့် မကာအိုမှခရီးသွားများကိုပါ ကိုဗစ်စစ်ဆေးမှုများမဖြစ်မနေပြုလုပ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားကျန်းမာရေးအာဏာပိုင်များက ဇန်နဝါရီ ၃ ရက်ကပြောကြားခဲ့သည်။

ဇန်နဝါရီ ၇ ရက်မှစ၍ ဟောင်ကောင်နှင့်မကာအိုမှ လာရောက်သော ခရီးသွားများသည် ကိုဗစ်ကင်းရှင်းကြောင်းစစ်ဆေးမှုရလဒ်ကို ပြသရမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံ၏ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီကပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှခရီးသွားများအနေဖြင့် တောင်ကိုရီးယားမှမထွက်ခွာမီနှင့် တောင်ကိုရီယားနိုင်ငံသို့ ဆိုက်ရောက်ချိန်၌ ကိုဗစ်စစ်ဆေးမှုများပြုလုပ်ရန်လိုအပ်ကြောင်း တောင်ကိုရီးယားကကြေငြာပြီးနောက် ယခုဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

တောင်ကိုရီးယားအနေဖြင့် အဆိုပါဆုံးဖြတ်ချက်သည် ဗီဇပြောင်းလှိုင်းသစ်ကူးစက်မှုအတွက် စိုးရိမ်မှုများကြောင့် နယ်စပ်အစီအမံအသစ်များဆောင်ရွက်ရာ၌ အမေရိက၊ဂျပန်နှင့် အခြားနိုင်ငံများနည်းတူပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here