တောင်ကိုရီးယားနှင့်နျူသုံးလက်နက်လေ့ကျင့်ခန်းလုပ်ရန်ဆွေးနွေးနေခြင်းမရှိဟု သမ္မတဘိုင်ဒင်ပြော

0
205

ဆိုးလ်/ဝါရှင်တန်၊ဇန်နဝါရီ ၃

မြောက်ကိုရီးယားနှင့်တင်းမာမှုမြင့်တက်နေစဉ် အမေရိကနှင့် နျူလက်နက်သုံးစစ်ရေးလေ့ကျင့်ခန်းလုပ်ရန်ဆွေးနွေးနေသည်ဟူသော တောင်ကိုရီးယားသမ္မတ၏ပြောကြားချက်ကို အမေရိကန်သမ္မတက ယင်းသို့ပြုလုပ်ရန်တိုင်ပင်ဆွေးနွေးနေခြင်းမရှိဟုဆိုကာတုံ့ပြန်ခဲ့သည်။

တောင်ကိုရီးယားသမ္မတ မစ္စတာယွန်းဆော့ယော်ကမူ အမေရိကနှင့်၎င်းတို့သည် အမေရိကပိုင် နျူလက်နက်များသုံး၍ စစ်ရေးလေ့ကျင့်ရန် တိုင်ပင်နေသည်ဟု တနင်္လာနေ့ကပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းထောက်များက သမ္မတဘိုင်ဒင်အားမေးမြန်းရာ ဘိုင်ဒင်က ထိုလေ့ကျင့်မှုမျိုးအတွက် ဆွေးနွေးနေခြင်းမရှိကြောင်းနှင့် ၎င်းသည်ယခုမှအားလပ်ရက်ခရီးမှပြန်ရောက်လာခြင်းဖြစ်သည်ဟုဆိုသည်။

ကျွမ်းကျင်သူများကမူ သမ္မတယွန်း၏ယခုပြောကြားချက်သည် အမှန်တကယ်ပြုလုပ်ခြင်းမလုပ်ခြင်းထက် မြောက်ကိုရီးယား၏ရန်စမှုကို နှုတ်တုံ့ပြန်ခြင်းနှင့် တောင်ကိုရီးယားပြည်သူများအတွက် အမေရိက၏ကတိကဝတ်များ မဖောက်မဖျက်ရှိနေကြောင်း ပြသလိုခြင်းပင်ဖြစ်မည်ဟုဆိုသည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here