နစက ဥက္ကဋ္ဌမှ ဂျပန်ဝန်ကြီးချုပ်ဟောင်း Mr.Taro Aso နှင့်တရုတ်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊အာရှရေးရာအထူးကိုယ်စားလှယ် Mr.Sun Guoxiang တို့အပါအဝင် ၅၂ ဦးတို့အား ဂုဏ်ထူးဆောင်ဘွဲ့များချီးမြင့်

0
329

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇန်နဝါရီ ၄ ရက်(ယနေ့)တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၃) ဖြင့် ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌမှ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များဖြစ်သည့် သရေစည်သူဘွဲ့အား ဂျပန်ဝန်ကြီးချုပ်ဟောင်း Mr.Taro Aso နှင့်စည်သူဘွဲ့အား နိုင်ငံတော်ကောင်စီဝင် ဦးခင်မောင်တို့အား ချီးမြှင့်အပ်နှင်းခဲ့သည်။

စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် သီရိပျံချီဘွဲ့အား တရုတ်နိုင်ငံ၊နိုင်ငံခြားရေးဝန် ကြီးဌာန၊အာရှရေးရာအထူးကိုယ်စားလှယ် Mr.Sun Guoxiang နှင့်ကောင်းခါးပြည်သူ့စစ် (ဌာနေ)အဖွဲ့၏ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမထုနော် တို့အားချီးမြှင့်အပ်နှင်းခဲ့သည်။

ထို့ပြင် ဝဏ္ဏကျော်ထင်ဘွဲ့အား နစက ရုံး အမြဲ တမ်းအတွင်းဝန် ဦးခင်လတ်၊နိုင်ငံခြားရေးဝန်ကြီး ဌာနမှ သံအမတ်ကြီး(ငြိမ်း) ၉ ဦး၊ထင်ပေါ်ကျော်ကြားသူ(သေဆုံးပြီးသူ)ဖြစ်သည့် မီးပုံးပျံဦးကျော်ရင်တို့အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ပြည်ထောင်စုလွှတ်တော်ရုံး၊ပြည်သူ့လွှတ်တော်ရုံး၊ကာကွယ်ရေးဝန်ကြီးဌာန၊ပြန်ကြားရေးဝန်ကြီးဌာန၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန တို့တွင်တာဝန်ထမ်းဆောင်နေကြသူ ၄၄ ဦးကို ချီးမြှင့်အပ်နှင်းခဲ့သည်။

ထို့အတူ အလင်္ကာကျော်စွာဘွဲ့အား ပြန်ကြားရေးဝန်ကြီးဌာနမှ စာရေးဆရာများဖြစ်သည့် ရွှေဥဒေါင်း၊ နန္ဒာသိန်းဇံ၊ ဦးညိုမြနှင့် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှ သမိုင်းပညာရှင် ဦးအောင်ကြိုင်(မင်းဘူး)တို့အား ချီးမြှင့်အပ်နှင်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here