အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ ရန်ကုန်သို့ ပြန်ပို့ဟု ကောလာဟလ သတင်းထွက်ပေါ်

0
238

နေပြည်တော် အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ ရန်ကုန်နေအိမ်သို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေပြီး အဆိုပါ သတင်းများဟာ ကောလာဟလသာ ဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက အဆိုပါ သတင်း ထွက်ပေါ်လာခြင်း ဖြစ်ပြီး NLD နှင့် နီးစပ်သူများထံ ဆက်သွယ်မေးမြန်းကြည့်ရာ မဟုတ်မှန်ကြောင်းသာ ပြန်လည် ဖြေကြားခဲ့သည်။

” ကျွန်တော် အတည်ပြုနိုင်တာက ရန်ပြန်ပြန်ပို့မပို့ပဲ အတည်ပြုနိုင်မှာပါ။ ရန်ကုန်ပြန်ပို့တယ် ဆိုတာကတော့ မဟု တ်ပါဘူး။ နေပြည်တော်မှာပဲရှိနေပါသေးတယ်” ဟု NLD ပါတီနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

နစကနှင့်နီးစပ်သူတစ်ဦးကလည်း ​ဒေါ်​အောင်ဆန်းစုကြည်သည်​နေပြည်​တော်တွင်ပင်ရှိ​နေ​ကြောင်း ​ပေါ်ပြူလာနယူးစ် သို့ အတည်ပြု​ပေးသည်။

ပုံပါ ကာကွယ်ဦးစီးချုပ်နှင့် နိုင်ငံ​တော်အတိုင်ပင်ခံ တို့ပုံမှာ လွန်ခဲ့​သော ၂နှစ်က လွပ်လပ်​ရေး​နေ့ဆု​ပေးပွဲအခမ်းအနားတွင် ဆုံခဲ့ကြ​သောပုံဖြစ်သည်။

ယနေ့ ဇန်နဝါရီ (၄) ရက်တွင် (၇၅) နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ်အနေဖြင့် အကျဉ်းသား (၇၀၁၂) ဦးကို အကျဉ်းထောင် အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် လူသတ်မှု ၊ မုဒိမ်းမှု၊ မတရားအသင်းဆက်သွယ်မှု၊ လက်နက်မှုအပါအဝင် အမှု(၈) မျိုးမှအပ ကျန်အကျဥ်းသားအားလုံးကို ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံအား ပြစ်ဒဏ်လျှော့ပေါ့ ပေးလိုက်ကြောင်းလည်း နိုင်ငံပိုင် သ တင်း ဌာနက သတင်း ထုတ်ပြန်ထားသည်။

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်သူများထဲတွင် သာသာနာရေးဝန်ကြီးဟောင်း သူရ ဦးအောင်ကို၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ စာရေးဆရာ ထင်လင်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသား အချို့လည်း ပြန်လည် လွတ်မြောက်လာကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here