ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာ အာကာမိုးသူ အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်

0
263

ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခံထားရသည့် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာ အာကာမိုးသူကို ယနေ့ နေ့လည်ပိုင်းက အင်းစိန် အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ဒေါက်တာ အာကာမိုးသူသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လကတည်းက ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်တွင် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ယနေ့ အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူများထဲတွင် NLD အစိုးရလက်ထက် ရန်ကုန်စည်ပင်သာယာရေးကော်မတီဝင် ဆရာမ ဒေါ်သန်းမြင့်အောင်၊ NLD ပါတီမှ ဦးထင်လင်းဦးနှင့် ဒေါက်တာ အာကာမိုးသူတို့အပြင် ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးခံထားရသူအချို့ ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here