နိုင်ငံနှင့်ပြည်သူများ၏ အကျိုးကိုရှေးရှုငဲ့ကွက်၍ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှစကာ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြပါဟု နစက ဥက္ကဋ္ဌတိုက်တွန်း

0
246

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားအား ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပရာ နစက ဥက္ကဋ္ဌ၊ ဝန်ကြီး ချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နစက အနေဖြင့် နိုင်ငံတော်အားအရေးပေါ်အခြေ အနေကြေညာခြင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင် စောင့်ထိန်း၍ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးအတွက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ် ငြိမ်းစေရန် နစက အစိုးရ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၌ “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားလုပ် ဆောင်သွားမည်”ဟု ထည့်သွင်းခဲ့ပြီး စဉ်ဆက်မ ပြတ်ကြိုးပမ်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်အဖြစ် သတ် မှတ်၍ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ် ငြိမ်းရေး၊ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်း ချမ်းရေးတည်ဆောက်နိုင်ရေးတို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် ကျွန်တော်ကိုယ်တိုင်တွေ့ဆုံဆွေး နွေးနိုင်ရန်ကမ်းလှမ်း၍ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“နိုင်ငံတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ ရပ်တည်သွားမယ့်အချက် ၂ ချက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နဲ့တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပေါ်မှာအခြေခံပြီး ဆွေး နွေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

အဆိုပါ ဆွေးနွေးပွဲများအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့တက်ရောက်ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းမည်ဆိုသည့် သဘောထားအမြင်များရှိခြင်းကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

တပ်မတော်အနေဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲမှုအား ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၂ ခုနှစ်အကုန်အထိ ၄ နှစ်တာဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများကို NCA လမ်းကြောင်းပေါ် လျှောက်လှမ်းကြရန်၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်း ချမ်းရေးရရှိရန် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

တပ်မတော်အနေဖြင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းအ ဖြေရှာရေးလမ်းကြောင်းပေါ်တွင် အမြဲရပ်တည်လျက်ရှိပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစ၍ ဒီဇင်ဘာ ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအား ၁ နှစ်သက်တမ်းတိုးမြှင့်ပေးထားသည်ဟု ဆိုသည်။

“လွတ်လပ်ရေးရပြီးထဲက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနဲ့ကြုံတွေ့ခဲ့ရတဲ့ ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးကိုရှေးရှုငဲ့ကွက်ပြီး သက်ဆိုင်သူအားလုံးက ပြည်တွင်းလက်နက်ကိုင်ပဋိပ က္ခတွေချုပ်ငြိမ်းရေးကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကစပြီး အားသွန်ခွန်စိုက် ကြိုးပမ်းပြီး နောင်မျိုးဆက်သစ်တွေကို ငြိမ်းချမ်းရေးအမွေပေးခဲ့ကြပါ”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here