၆ ဘီးကားပေါ်မှ ငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ICE များအား ဘီးလင်းမြို့အဝင်တွင်ဖမ်းမိ

0
170

မွန်ပြည်နယ်၊ဘီးလင်းမြို့ရှိ ဘီးလင်းမြို့အဝင်၌ ဒီဇင်ဘာ ၃၀ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၈ နာရီခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဘီးလင်းမြို့အဝင် စစ်ဆေးရေးဂိတ်၌ ကျိုက်ထိုဘက်မှသထုံဘက်သို့ လှထွန်း(ခ) အုန်းမြင့် မောင်းကာ စိုင်းလွင်ဦး လိုက်လာသည့် DYNA ၆ ဘီးကားအားရှာဖွေစစ်ဆေးခဲ့ကြသည်။

ကားပေါ်တွင် ရှမ်းပြည်(တောင်ပိုင်း)မှကရင်ပြည်နယ်သို့သယ်လာသည့် ငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ICE(မက်သ်အဖက်တမင်း) ၂၀၀ ကီလိုအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ICE များနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here