ဂျာမနီတွင် ဆယ်စုနှစ် ၇ခုကျော်အတွင်း ငွေကြေးဖောင်းပွမှု အမြင့်မားဆုံးသို့ရောက်ရှိနေ

0
212

ဂျာမနီနိုင်ငံ စာရင်းအင်းရုံးမှ အင်္ဂါနေ့က ထုတ်ပြန်သည့် အချက်အလက်အသစ်များအရ ဂျာမနီနိုင်ငံတွင် ငွေကြေးဖောင်းပွမှုသည် ဆယ်စုနှစ် ခုနစ်ခုကျော်အတွင်း အမြင့်ဆုံးသို့ရောက်ရှိနေကြောင်းသိရသည်

၂၀၂၂ ဖေဖော်ဝါရီလအတွင်း ယူကရိန်း-ရုရှား စစ်ပွဲစတင်ခဲ့ပြီးနောက် ဂျာမနီနိုင်ငံတွင် စွမ်းအင်နှင့် အစားအစာ ဈေးနှုန်းများသည် ၂၀၂၂ ခုနှစ်အတွက် ၇.၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။

စစ်ပွဲမတိုင်မီက ဂျာမနီတွင် နှစ်စဉ်ငွေကြေးဖောင်းပွမှုသည် ၃.၁ ရာခိုင်နှုန်းမျှသာ ရှိခဲ့သည်။ ယခင်က ဂျာမနီတွင် ငွေကြေးဖောင်းပွမှု အမြင့်မားဆုံးမှာ ၁၉၅၁ ခုနှစ်က ၇.၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ငွေကြေးဖောင်းပွမှုအမြင့်ဆုံးဖြစ်သည့် အောက်တိုဘာလတွင် ၁၀.၄ ရာခိုင်နှုန်းအထိပင် မြင့်တက်ခဲ့ပြီး နိုဝင်ဘာလတွင် ၁၀ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သို့သော် ဂျာမနီပြည်သူများက အိမ်သုံးစွမ်းအင်အဖိုးအခများအတွက် ငွေပေးချေမှုစတင်ပြီးနောက် ဒီဇင်ဘာလတွင် ငွေကြေးဖောင်းပွမှု ၈.၆ ရာခိုင်နှုန်းသို့ ကျဆင်းသက်သာလာခဲ့ကြောင်း ကိန်းဂဏန်းအချက်အလက်များက ဖော်ပြနေသည်။

ဒီဇင်ဘာလတစ်ခုတည်းတွင်ပင် စွမ်းအင်ဈေးနှုန်းများသည် ယမန်နှစ် အလားတူလနှင့် နှိုင်းယှဉ်ပါက ၂၄.၄ ရာခိုင်နှုန်းမြင့်မားနေလျှက်ရှိပြီး အစားအသောက်ဈေးနှုန်းများမှာမူ ၂၀.၇ ရာခိုင်နှုန်း တိုးလာကြောင်း စာရင်းအင်းရုံးက သတင်းထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here