တရုတ်ခရီးသွားများကို ကိုဗစ်ဆိုင်ရာတားမြစ်ချက်တိုးခြင်းအားတရုတ်ရှုံ့ချ

0
188

ပေကျင်း၊ဇန်နဝါရီ ၃

တရုတ်ခရီးသွားများကိုသီးသန့်သတ်မှတ်ချက်များထပ်တိုးခြင်းအား တရုတ်ကဝေဖန်ရှုံ့ချကြောင်းပြောကြားခဲ့သည်။

အမေရိက၊ကနေဒါ၊ဂျပန်နှင့်ပြင်သစ်တို့သည် တရုတ်ခရီးသွားများအား အထူးတင်းကြပ်မှုများဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့သည့် နိုင်ငံများဖြစ်သည်။

ပေကျင်းသည် ပြီးခဲ့သည့်လမှစကာ ၎င်း၏တင်းကြပ်သော ကိုဗစ်စည်းမျဉ်းများကိုဖြေလျှော့လိုက်သဖြင့် တရုတ်နိုင်ငံ၏ ကိုဗစ်ကူးစက်မှုနှုန်းလည်းမြင့်တက်လာခဲ့သည်။

“တချို့နိုင်ငံတွေက တရုတ်နိုင်ငံကိုပစ်မှတ်ထားပြီး ဝင်ခွင့်ကန့်သတ်မှုတွေ လုပ်ထားပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning ကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ယင်းသို့ပြုလုပ်ခြင်းသည် လက်ခံနိုင်စရာမရှိပဲ သိပ္ပံနည်းမကျဘဲ လက်တွေ့မကျဟုလည်း ထပ်လောင်းပြောကြားခဲ့ကာ တရုတ်နိုင်ငံအနေဖြင့် ကိုယ်တိုင်စီမံခန့်ခွဲနိုင်သည်ဟုလည်းဆိုခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here