ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ၍ “ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ”ဆောင်ပုဒ်ကို လက်တွဲညီညီ အ ကောင်အထည်ဖော်သွားမည်

0
303

၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၄ ရက်(ယနေ့)တွင်ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့သည့် သဝဏ်လွှာ၌ ရေးသားပြောဆိုခဲ့ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့အချိန်အထိ နိုင်ငံရေးပုံစံအမျိုးမျိုးဖြင့် ဖြတ်သန်းလာခဲ့ရာ ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၄ ရက်တွင် (၇၅)နှစ်ပြည့်မြောက်ပြီး စိန်ရတုလွတ်လပ် ရေးနေ့သို့ပင် တိုင်ခဲ့ပြီဖြစ်သည်ဟု သဝဏ်လွှာ၌ ရေးသားပြောဆိုထားသည်။

ထို့ပြင် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)သဘောတူညီချက်များ အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဖော်ဆောင်လျက်ရှိသည်ဟု သဝဏ်လွှာတွင်ရေးသားထားသည်။

ပြည်သူတစ်ရပ်လုံးလိုလားတောင့်တလျက်ရှိသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရန် လွတ်လပ်၍တရားမျှတမှုရှိသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဖြစ်ပေါ်လာစေရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေးပို့သည့် သဝဏ်လွှာ၌ရေးသားထားသည်။

တိုင်းရင်းသားအချင်းချင်းရင်းနှီးချစ်ကြည်ခြင်း၊စည်းလုံးညီညွတ်ခြင်းတို့ကိုအခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ၍ စုပေါင်းဆောင်ရွက်ခြင်းဖြင့် တွေ့ကြုံရမည့်အခက်အခဲဟူသမျှအား ရင်ဆိုင်ကျော်လွှားပြီး နိုင်ငံတော်၏ အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်၊နိုင်ငံရေးလုပ်ငန်းစဉ်(၂) ရပ်တို့ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ပြီး “ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal) ဆိုသည့်ဆောင် ပုဒ်ကို လက်တွဲညီညီအကောင်အထည်ဖော်သွားမည်ဟု ရေးသားပြောဆိုခဲ့သည်။

ထို့ပြင် ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်အား တိုင်းရင်းသားပြည်သူတစ်ရပ်လုံးမှ အလေးအ နက်ထားခံယူ၍ ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ပူး ပေါင်းပါဝင် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန်လည်း သဝဏ်လွှာ၌တိုက်တွန်းရေး သားထားသည်။

လွတ်လပ်ရေးဆုံးရှုံးရန် ရက်ပိုင်းလပိုင်းမျှသာ ကြာမြင့်နိုင်သော်လည်း ဆုံးရှုံးသွားသည့် လွတ် လပ်ရေးကို ပြန်လည်ရယူရန် ကြိုးပမ်းရာ၌ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ရသည်ဟုလည်း သဝဏ် လွှာ၌ရေးသားထားသည်။

ထို့ကြောင့် ရရှိပြီးသည့် လွတ်လပ်ရေးတည်တံ့ခိုင်မြဲစေရန် ပြည်တွင်း/ပြည်ပ အဖျက်အမှောင့်များ ၏ သွေးထိုးလှုံ့ဆော်မှုများ၊ဖိအားပေးမှုများကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အမျိုးသားရေးအသိဖြင့် သတိကြီးစွာကာကွယ်ကြရမည်ဟု သဝဏ်လွှာ၌တိုက်တွန်းရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here