တောင်တရုတ်ပင်လယ် တင်းမာမှုများကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်နိုင်ငံသို့ရောက်ရှိ​နေသည့် ဖိလစ်ပိုင်သမ္မတ 

0
185

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာသည်  နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်တစ်ရပ်ကို ဖွင့်လှစ်ရန်၊ “ပြဿနာများ” ကို ဖြေရှင်းရန် အတွက်တရုတ်နိုင်ငံသို့ အင်္ဂါနေ့က​ရောက်ရှိသည်။

မနီလာ၏ စီးပွားရေးမိတ်ဖက်သာမက တောင်တရုတ်ပင်လယ်ရှိ ပြိုင်ဘက် ပေကျင်းအပေါ် နိုင်ငံခြားရေးမူဝါဒများထွက်​ပေါ်လာ​တော့မည်ဖြစ်သည်။

ယ​နေ့ ဗုဒ္ဓဟူး​​နေ့တွင် သမ္မတရှီ နှင့်တွေ့ဆုံမည်ဖြစ်ပြီး နှစ်လအတွင်း ရှီနှင့် မားကို့စ်တို့ကြား ဒုတိယမြောက်တွေ့ဆုံခြင်းဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ကျင်းပခဲ့​သော အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေပက်) ထိပ်သီးအစည်းအဝေးပြင်ပတွင် ​ခေါင်း​ဆောင်နှစ်ဦး​တွေ့ဆုံခဲ့ကြ​သေးသည်။

ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရ သဘောတူညီချက် ၁၀ ချက်မှ ၁၄ ချက်ကြား လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ထားသည်။

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ စိုက်ပျိုးရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ အခြေခံအဆောက်အအုံ၊ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူအချင်းချင်း ဆက်ဆံ​ရေးနှင့် ပင်လယ်ရေကြောင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတို့ အပါအဝင် အခြားနယ်ပယ်များလည်း ပါဝင်မည်ဖြစ်သည်။

Ref:chinadaiy


LEAVE A REPLY

Please enter your comment!
Please enter your name here