ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) စစ်ဦးစီးချုပ်ဗိုလ်ချုပ် ခိုင်စိုးမြ အပါအဝင် (၃) ဦး လွတ်လပ်ရေးနေ့အခမ်းအနားမှအပြန် လုပ်ကြံခံရ

0
352

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) မှ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ခိုင်စိုးမြနှင့် အခြားအရာရှိ (၂) ဦးကို ယနေ့ဇန်နဝါရီ (၄) ရက် နံနက်ပိုင်းက စစ်တွေမြို့တွင် သေနတ်ဖြင့် ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ယနေ့ နံနက်ပိုင်းက စစ်တွေမြို့တွင် ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ပြီး ပြန်လာသ ည့် ဗိုလ်ချုပ်ခိုင်စိုးမြ၊ ဗိုလ်ချုပ်ခိုင်ကျော်စိုး ၊ ဗိုလ်သူရိန်ထက်တို့ စီးနင်းလာသည့် ကားအား စစ်တွေမြို့ ရွာသာယာ ရပ်ကွက်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” အခမ်းအနားတက်ပြီး ပြန်အလာမှာ ငါးစင်ရိုင်းကျော င်းအနားမှာ အပစ်ခံရတာ ။ (၃) ယောက်ပေါ့။ စစ်ဦးစီးချုပ်နဲ့ အရာရှိ (၂) ယောက်ပေါ့ ” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

ALP ပါတီသည် NCA လက်မှတ်ရေးထိုးထားသည့်အပြင် နစကနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လုပ်ဆောင်နေသည့် ရခိုင်လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်ပြီး နစကနှင့် ဆက်ဆံရေးကောင်းမွန်သည့် အဖွဲ့တစ်ခုလည်း ဖြစ်သ ည်။

အဆိုပါ လုပ်ကြံခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ALP ပါတီ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနှင့် အတွင်းရေးမှူး ခိုင်ကျော်ခိုင်ထံသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

လက်ရှိတွင် ပစ်ခတ် လုပ်ကြံခံရသည့် စစ်ဦးစီးချုပ်ခိုင်စိုးမြနှင့် အရာရှိများ၏ ရုပ်အလောင်းများကို စစ်တွေ ဆေးရုံတွင် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ ပစ်ခတ် လုပ်ကြံမှုနှင့်ပတ်သက်၍မည်သည့်အ ဖွဲ့က လုပ်ဆောင်ခဲ့သည်ကို မသိရှိရသေးဘဲ ပစ်ခတ်သူ များမှာလည်း လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here