ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အထွေထွေအတွင်းရေးမှူးအပါအဝင် ထားဝယ်တက္ကသိုလ်မှကျောင်းသား ၅ ဦး ပြန်လည်လွတ်မြောက်

0
213

ထားဝယ်အကျဥ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသည့် ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုထူးမြတ်လွင် အပါအဝင် ထားဝယ်တက္ကသိုလ်မှကျောင်းသား ၅ ဦး ဇန်နဝါရီ ၄ ရက်က ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သိရသည်။

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုထူးမြတ်လွင်(တတိယနှစ်၊အရှေ့တိုင်းပညာ)၊ ကိုကျော်ဝဏ္ဏအောင်(တတိယနှစ်၊ဒဿနိကဗေဒ)၊ ကိုဇေယျာထွေး(တတိယနှစ်၊မြန်မာစာ)၊ ကိုဇေယျာထွန်း(တတိယနှစ်၊မြန်မာစာ)နှင့်ကိုကောင်းမြတ်(သင်္ချာကျောင်းသားဟောင်း)တို့ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၅ ဦးသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံခဲ့ရပြီး ထားဝယ်အကျဥ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူများဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၄ ရက်က ထားဝယ်အကျဥ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများအနက် ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မသီရိမိုး၏မိခင်ဖြစ်သူ ဒေါ်သိန်းဌေးလည်းပါဝင်ကြောင်း သိရသည်။

ထားဝယ်အကျဉ်းထောင်မှ ဇန်နဝါရီ ၄ ရက်က ပြန်လည်လွတ်မြောက်လာသူများအနက် နိုင်ငံရေးအကျဉ်းသား ၅၅ ဦးရှိကြောင်း ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here