တရုတ်ကထုတ်ပြန်သည့်ကိုဗစ်ကူးစက်သေဆုံးနှုန်းများသည် အမှန်မဟုတ်ဟု WHO ပြော

0
210

ဂျီနီဗာ၊ဇန်နဝါရီ ၅

တရုတ်နိုင်ငံကထုတ်ပြန်သော ကိုဗစ်ကူးစက်သေဆုံးနှုန်းများသည် နိုင်ငံအတွင်းအမှန်တကယ်ဖြစ်နေသည့်ပမာဏထက် နည်းပါးနေပြီး လက်တွေ့တွင်ဆေးရုံတက်ရသူ၊သေဆုံးသူများသည် ထုတ်ပြန်ချက်ထက်ပိုများနေသည်ဟု WHO အကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။

ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားကြီးနိုင်ငံ၌ ကိုဗစ်မျိုးကွဲသစ် ထပ်မံကူးစက်ဖြစ်ပေါ်လာမည်ကိုစိုးရိမ်လျက် ကုလအေဂျင်စီကလည်း တရုတ်သိပ္ပံပညာရှင်များနှင့် ထပ်မံတွေ့ဆုံရန်လည်းစီစဉ်နေသည်ဟုသိရသည်။

တရုတ်နိုင်ငံသည်တင်းကြပ်သည့်စည်းမျဉ်းများကိုလျှော့ချလိုက်ကတည်းက တစ်နေ့လျှင် လူငါးဦးနှင့်အောက်သာ သေဆုံးသည်ဟုထုတ်ပြန်ခဲ့ရာ အမှန်တကယ်မဟုတ်နိုင်ဟု WHO ကဆိုပြီး နိုင်ငံတွင်းရှိဆေးရုံပြည့်လူနာများနှင့်နာရေးအိမ်များက သက်သေဖြစ်သည်ဟုဆိုခဲ့သည်။

ထို့ကြောင့် WHO သည် အသက်ကယ်ကိရိယာများတိုးတက်ကောင်းမွန်လာစေရန်နှင့် ဆိုးရွားစွာဖြစ်ပွားနေသောဒေသများရှိ ကျန်းမာရေးလုပ်သားပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် တရုတ်နှင့်ပူးပေါင်းဆောင်ရွက်နေကြောင်းလည်းပြောကြားခဲ့သည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here