ကွန်ကရစ်ပိုင်တိုင်ထဲပိတ်မိနေသည့် ဗီယက်နမ်ကလေးငယ်သေဆုံးသွားဟုဆို

0
368

ဟနွိုင်း၊ဇန်နဝါရီ ၄

နှစ်သစ်ကူးအကြိုနေ့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရှိ ကွန်ကရစ်ပိုင်တိုင်ထဲသို့ ပြုတ်ကျခဲ့သည့် အသက် ၁၀ နှစ်အရွယ် ဗီယက်နမ်ကလေးငယ်တစ်ဦးသေဆုံးသွားပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၄ ရက်တွင်ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးသမားများသည် အဆိုပါကလေးငယ်အား နာရီပေါင်း ၁၀၀ ကြာသည်အထိ ကယ်ဆယ်ရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ပဲ အချည်းနှီးဖြစ်ခဲ့သည်ဟုဖော်ပြထားသည်။

ထို့ကြောင့်အဆိုပါကလေးငယ်အား အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ခြင်းမရှိပဲ ၎င်း၏ရုပ်အလောင်းကိုသာ ရရှိခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အဆိုပါကလေးငယ်သည် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ တံတားတည်ဆောက်ရေးနေရာတစ်ခု၌ သူငယ်ချင်းများနှင့်အတူ သံတိုသံစများကို ရှာဖွေနေစဉ် ၃၅ မီတာ အနက် ရှိသည့် ‌ဟောင်းလောင်းဖြစ်နေသည့်တံတားအခြေတိုင်ထဲသို့ပြုတ်ကျသွားပြီး အော်၍အကူညီတောင်းခဲ့သည်ဟုလည်းသိရသည်။

ဗုဒ္ဓဟူးနေ့အစောပိုင်းကလည်း ဗီယက်နမ်ဝန်ကြီးချုပ်သည် အဆိုပါကလေးငယ်အား ကယ်တင်နိုင်ရန် လိုအပ်သည့်အရာမှန်သမျှလုပ်ဆောင်ဖို့ ကယ်ဆယ်ရေးသမားများနှင့် ဒေသခံအာဏာပိုင်များအားညွှန်ကြားခဲ့ကြောင်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here