ကျောက်မဲမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီးတွင် Hijet ကားတောင်ကမ်းပါးရံဝင်တိုက် ကားမောင်းသူအပါအဝင် ၃ ဦးဒဏ်ရာရ

0
253

ရှမ်းပြည်နယ်၊ကျောက်မဲမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီးဂုတ်တွင်းအဆင်း ကျွန်းတောကွေ့တွင် ဇန်နဝါရီ ၅ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကမ်းလင့်လက်များလူမှုကူညီရေးအသင်း(နောင်ပိန်)မှ သိရသည်။

ယနေ့နံနက် ၉ နာရီခန့်က ပြည်ထောင်စုလမ်းမကြီးဂုတ်တွင်းအဆင်း ကျွန်းတောကွေ့တွင် Hijet ကားတစ်စီး တောင်ကမ်းပါးရံဝင်တိုက်မိခဲ့၍ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သတင်းအရ ကမ်းလင့်လက်များလူမှုကူညီရေးအသင်း(နောင်ပိန်)မှ ကူညီရန်သွားရောက်ခဲ့ကြသည်။

အခင်းဖြစ်နေရာ၌ ခါးတွင်ထိခိုက်ဒဏ်ရာရရှိထားသည့် ကားမောင်းသူနှင့်ထိခိုက်ပွန်းပဲ့ဒဏ်ရာရရှိသူ ၂ ဦးတို့အား မြေပြင်ပြုစုကုသမှုများပြုလုပ်ပေးပြီးနောက် နောင်ပိန်တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

” Hijet ကားက မောင်းလို့မရတော့တဲ့အတွက် မြေသယ်ကားကြီးတစ်စီးနဲ့သယ်သွားရတယ်၊ ကျွန် တော်တို့က ကားကြီးပေါ်ကိုဝိုင်းပြီးမတင်ပေးခဲ့ရပါတယ် ဘယ်ကိုပို့မယ်ဆိုတာတော့မသိဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here